စစ်ကောင်စီလေတပ်ကို ထောက်ပံ့သည့် မြန်မာကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူကြောင်း ဗြိတိန်အစိုးရ ကြေညာ

စစ်ကောင်စီလေတပ်ကို ထောက်ပံ့သည့် မြန်မာကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူကြောင်း ဗြိတိန်အစိုးရ ကြေညာ

စစ်ကောင်စီလေတပ်ကို လေယာဉ်အစိတ်အပိုင်းများထောက်ပံ့နေခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ဆောင်သော မြန်မာကုမ္ပဏီသုံးခု၏ ပိုင်ဆိုင်မှုများကိုထိန်းချုပ်သည့် အရေးယူမှုပြုမည်ဟု ဗြိတိန်(UK) က ကြေညာသည်။

ယင်းကုမ္ပဏီသုံးခုမှာမြန်မာလေတပ်သို့ လေယာဉ်အစိတ်အပိုင်းများ အထောက်အပံ့ပေးရာတွင် တာဝန်ရှိသည့် ကုမ္ပဏီများဖြစ်သည်ဟု UK က ထုတ်ပြန်သည်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူခံရသော ကုမ္ပဏီများမှာ Synpex Shwe Company Ltd၊ Myanmar New Era Trading Company Ltd နှင့် Sky Aviator Company Ltd တို့ဖြစ်ပြီး အဆိုပါ ကုမ္ပဏီများသည် အာဏာသိမ်းပြီးချိန်မှစ၍ လေယာဉ်အစိတ် အပိုင်းများ ထောက်ပံ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု UK ကထုတ်ပြန်သည်။

စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းအပါအဝင် "ကျယ်ပြန့်သော ရက်စက်ကြမ်းကြုတ်မှုများ"ကို စနစ်တကျ ကျူးလွန်နေကြောင်း" Amnesty International ၏ မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာအပြီး အဆိုပါ ဒဏ်ခတ်အရေးယူမှုကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းသို့ပိတ်ဆို့အရေးယူခြင်းမှာ စစ်အာဏာရှင်ကို ကန့်သတ်ခြင်းနှင့် ပူတင်၏ စစ်ယန္တရားသို့ စီးဆင်းသွားနိုင်သည့်၀င်ငွေကို ပစ်မှတ်ထားကာ မြန်မာနှင့် ရုရှားနိုင်ငံရှိ လက်နက်ကုမ္ပဏီကြီးများ၏ ပိုင်ဆိုင်မှုတို့အား တင်းတင်းကြပ်ကြပ်ထိန်းချုပ်သွားမည်ဟု UK အစိုးရက ထုတ်ပြန်သည်။

ထို့ပြင် အာဏာသိမ်းတပ်အတွက် လက်နက်နှင့် လေယာဥ်အစိတ်အပိုင်းများထောက်ပံ့ရာတွင် ပါ၀င်ပတ်သက်နေသည့် ရုရှားကုမ္ပဏီ သုံးခုကိုလည်း အရေးယူပိတ်ဆို့ခြင်းများအပြင် ပူတင်၏ မဟာမိတ်များကို ပစ်မှတ်ထား၍ ပိုမိုကျယ်ပြန့်သော ဒဏ်ခတ်အရေးယူမှုများလည်းပါ၀င်မည်ဖြစ်ကြောင်း ဗြိတိန်ကဆိုသည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...