နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လေယာဉ်စင်းလုံးငှားသည့်ကိစ္စ အဂတိလိုက်စားမှု မြောက်၊ မမြောက် ဘူးလက်လှဆွေက စစ်ကောင်စီကို မေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လေယာဉ်စင်းလုံးငှားသည့်ကိစ္စ အဂတိလိုက်စားမှု မြောက်၊ မမြောက် ဘူးလက်လှဆွေက စစ်ကောင်စီကို မေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို လေယာဉ်စင်းလုံးငှားသည့်ကိစ္စနှင့် ပတ်သက် ပြီး အဂတိလိုက်စားမှု မြောက်၊ မမြောက် Golden Hand ဂျာနယ်အယ်ဒီတာချုပ်၊ ကြံ့ခိုင်ရေးအမတ်ဟောင်း ဘူးလက်လှဆွေမှ  ဇွန်လ ၁၆ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။

“ NLD အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံကို သူ့မိတ်ဆွေတစ်ယောက်ရဲ့ ဇနီး နေမကောင်းလို့ ဆေးရုံတက်တဲ့အခါမှာ လေယာဉ်ပျံစင်းလုံးငှားပြီး အသွားအပြန် သွားခဲ့ပါတယ်။ အဲဒါက နိုင်ငံတော်ပိုက်ဆံနဲ့ သုံးခဲ့သလား။ သူ့အိတ်ကပ်ထဲက နိုဗယ်ဆုရထားတဲ့ပိုက်ဆံနဲ့ သုံးတာလား။ ဒါမှ မဟုတ် နိုင်ငံတော်ဘတ်ဂျက်နဲ့သုံးတယ်ဆိုရင် အဂတိ မမြောက်ဘူးလား။ အဂတိဆိုတာ တိုင်မှဖြစ်တာ လား။ မတိုင်ဘဲနဲ့လည်း ကျော်ဇောမှုဆိုရင် အဂတိကစွဲလို့ရပါတယ်လို့ အရင်ဦးအောင်ကြည် လက်ထက် ကပြောဖူးတာလည်း ကျွန်တော်ကြားဖူးပါတယ်။ ဒါကြောင့် ဒီဟာကို အဂတိ မြောက်၊ မမြောက် ဖြေကြား ပေးပါခင်ဗျာ”ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။

၎င်း၏မေးခွန်းကို စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် စစ်ကောင်စီလက်အောက်ခံ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှတာဝန်ရှိသူတို့က ပြန်လည်ဖြေကြားခဲ့သည်။

ဘန်ကောက်သို့ MAI လေယာဉ် အသွားအပြန်စင်းလုံးငှားအသုံးပြုသည်မှာမှန်ကန်ပြီး မည်သို့အသုံးပြုခဲ့ သည်ဆိုသည့် အထောက်အထားနှင့် သုံးစွဲမှုဖြစ်စဉ်ကို အသေးစိတ်အခြေခံ စိစစ်သုံးသပ်ပြီးပါက အဂတိ လိုက်စားမှု ကျူးလွန်မှု ရှိ၊ မရှိကို သိရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုခဲ့ပြီး ယင်းကိစ္စကို မှတ်သားဆောင်ရွက်သွားမည်ဟု ၎င်းကပြောသည်။

ထို့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကလည်း ပြဌာန်းဥပဒေ တွင် အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်များရှိကြောင်း ဆိုသည်။

“ဒါသည် အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း အဂတိလိုက်စားမှု မြောက်သလား၊ မမြောက်လားဆိုတာကို စိစစ် သွားရမယ့် အနေအထားမျိုးဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ သတင်းထောက်ကြီး မေး တဲ့မေးခွန်းအပေါ်မှာတော့ မြောက်၊ မမြောက်ဆိုတာတော့ ကျွန်တော်တို့ဖြေကြားဖို့တော့ ခက်ပါတယ် အဘ။ စိစစ်သုံးသပ်ရမယ့်အနေအထား ဖြစ်ပါတယ်ခင်ဗျ” ဟု ကော်မရှင်မှ တာဝန်ရှိသူက ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဘက်က အဂတိအမှု ၁၂ မှု အပါ အဝင် အမှုပေါင်း ၁၉ မှုဖြင့်တရားစွဲခဲ့သည်။ အဆိုပါ အမှုများထဲမှာ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၃ နှစ်အမိန့်ချမှတ်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုအထဲမှ ထောင်ဒဏ် နှစ်နှစ် လျှော့ပေါ့ပေးကြောင်း ထုတ်ပြန်ခဲ့သည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...