ထီးပေါ်ဆိုရွာရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် အသင်းတော်နေအိမ်ကို KNDF ကဖျက်စီးသည်ဆိုခြင်းအပေါ် ဒေသခံများက ငြင်းဆို၊ စစ်ကောင်စီလက်ချက်ဟုပြော

ထီးပေါ်ဆိုရွာရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် အသင်းတော်နေအိမ်ကို KNDF ကဖျက်စီးသည်ဆိုခြင်းအပေါ် ဒေသခံများက ငြင်းဆို၊ စစ်ကောင်စီလက်ချက်ဟုပြော

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ထီးပေါ်ဆိုရွာရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် အသင်းတော်နေအိမ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ ဝင်ရောက်ဖျက်ဆီးသည်ဆိုကာ စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ရေးသားထားချက်ကို ဒေသခံများက ငြင်းဆိုလိုက်ပြီး စစ်ကောင်စီတပ်လက်ချက်သာဖြစ်သည်ဟု မဇ္ဈိမကိုပြောသည်။

ဇွန်လ ၁၂ ရက်နေ့တွင် “Kyaw Swar” အမည်ရှိ တယ်လီဂရမ်ချန်နယ်မှ စတင်၍ "ဖရူဆိုမြို့နယ်၊ထီပေါ်ဆိုရွာရှိ ခရစ်ယာန် တို့ အထွဋ်အမြတ်ထားရာ ဘုရားကျောင်းနှင့်သင်းတော်နေအိမ်အား အကြမ်းဖက်KNDF မှ ဝင်ရောက်ဖျက်ဆီးခဲ့သည်။" (မူလသတ်ပုံအတိုင်း) ဟု ရေးသားဖော်ပြထားသည်။

ထိုအကြောင်းကို စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းများဖြန့်ကာ NUG, CRPH, PDF နှင့် အခြား EAOs များကို ပုံဖျက်တိုက်ခိုက်သည့် သတင်းများကိုသာ တင်ဆက်နေကျ ချန်နယ်များဖြစ်သည့် Snow Queen #SQ ၊ Ko Khant (kk) Min Din၊ Bo Talk၊ အလင်္ကာစစ်၊ Mdy image ၊ Kyaw Swar အမိမြေ စသည့် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင်လည်း ပျံ့နှံ့လျက်ရှိနေသည်။ ထို့ပြင် ဖေ့ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ အဆိုပါ ဖရူဆိုမြို့နယ်ရှိ ကျေးရွာဒေသခံများနှင့်ဆက်သွယ်ခဲ့ပြီး ဖြစ်စဉ်ကို မေးမြန်းခဲ့သည်။

ထီးပေါ့ဆိုရွာရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် အသင်းတော်နေအိမ်ကို KNDFဝင်ဖျက်ဆီးဆိုသည့်ဖြစ်စဉ်ကို "စကစတွေက ဒေါညေးခူး ၊ ထီးပေါ်ဆို မှာ နေရာယူထားတယ်ပေါ့နော်။ ပြီးတော့ KNDF ဘက်က တိုက်ခိုက်ချိန်မှာ သူတို့တွေက လက်နက်ငယ်/ ကြီးနဲ့တိုက်ခိုက်တယ်။တစ်ဖက်မှာက ထီးပေါ်ဆို အခြေစိုက်တပ်ကပဲ လက်နက်ကြီးတွေထုလာတော့ ဘုရားကျောင်းတို့ ၊ အသင်းတော်အိမ်တို့ ပျက်စီးကုန်တာပေါ့။စကစက လုပ်လို့ပျက်စီးတယ်။ KNDFဘက်က မဟုတ်ပါဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်‌များ၏ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ပြည်သူသေဆုံးမှုများ၊ နေအိမ်ထိခိုက်မှုများနှင့် မီးရှို့ခံရသည့်အိမ်များရှိနေသည့်အပြင် ဖြစ်ပွားသည့်ဖြစ်စဉ်များအပေါ်  စစ်ကောင်စီမှ ဆန့်ကျင်ဘက်သာ ထုတ်ပြန်နေကြောင်း အဆိုပါဒေသခံမှ ပြောသည်။

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် Karenni Nationalities Defence Force (KNDF) သတင်းနှင့် ပြန်ကြားရေး မှ ဇွန်လ ၁၄ ရက်နေ့ထုတ်ပြန်ချက်တွင်  ဇွန်လ ၁၀ ရက်နေ့မှစ၍ ထီးကလူဒေါနှင့် ထီးပေါ်ဆိုရွာ ကြားတွင် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ကြောင်း၊ ဇွန်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်များ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘုရားကျောင်းတစ်လုံး ပျက်စီးခဲ့ကြောင်းအပြင် ပြည်သူ့နေအိမ်အချို့ပါ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းပါဝင်သည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...