ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ပါရန် စစ်ကောင်စီထပ်မံဖိတ်ခေါ်၊ လကုန်နောက်ဆုံးထားအကြောင်းပြန်ရန်ပြော

ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ပါရန် စစ်ကောင်စီထပ်မံဖိတ်ခေါ်၊ လကုန်နောက်ဆုံးထားအကြောင်းပြန်ရန်ပြော

ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မတက်ရောက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးမှုများပြုနိုင်ရန် ထပ်မံဖိတ်ခေါ်ကြောင်း စစ်ကောင်စီက  ဇွန်လ ၁၄ရက် ထုတ်ပြန်သည်။

တက်ရောက်ဆွေးနွေးမည့် အဖွဲ့အသီးသီးမှ ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်စားအဆုံးအဖြတ်ပေးနိုင်မည့်ခေါင်းဆောင်နှင့် အဖွဲ့ဝင် နှစ်ဦး၏အမည်ကို ဇွန်လ ၃၀ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြားပေးရန်လည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်းကိုယ်တိုင် ဆွေးနွေးမည်ဟု ဖိတ်ခေါ်ခဲ့ရာ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ခုနှစ်ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်းမရှိသည့်အဖွဲ့သုံးဖွဲ့တို့က တက်ရောက်ရန် အကြောင်းပြန်ခဲ့ကြသည်။

လက်ရှိတွင် အဖွဲ့ခြောက်ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပြီးဖြစ်ကာ ကျန်ရှိသောအဖွဲ့များနှင့် မည်သည့်နေ့ရက်တွင် ဆွေးနွေးမည်ကို မသိရပေ။

အဆိုပါ ဆွေးနွေးပွဲများကို ပြီးခဲ့သည့် မေလတတိယပတ်မှ စတင် ပြုလုပ်ခဲ့ပြီး ALP၊ RCSS၊ မွန်ပြည်သစ်ပါတီ၊ KNU/KNLA-PC၊ UWSPနှင့် NDAAအဖွဲ့တို့နှင့် တွေ့ဆုံထားပြီးဖြစ်သည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...