ပုံးအင်းဒေသတွင်း PDF ၀င်လာမည်ကို စိုးရိမ်သဖြင့် စစ်ရှောင်များကို တင်းကြပ်စစ်ဆေးနေ

ပုံးအင်းဒေသတွင်း PDF ၀င်လာမည်ကို စိုးရိမ်သဖြင့် စစ်ရှောင်များကို တင်းကြပ်စစ်ဆေးနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသအတွင်းသို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF များ၀င်ရောက်လာမည်ကို စိုးရိမ်သဖြင့် စစ်ဘေးရှောင်လာမည့်သူများကို ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့မှ ချမှတ်ထားသည့် အချက် (၉) ချက်ကို စစ်ဆေးခံရမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ကရင်နီပြည်နယ်ဘက်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူတစ်ချို့ ဆီဆိုင်မြို့နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း၊ ထိုထွက်ပြေးလာသူများထဲတွင် PDF များပါဝင်မည်ကို စိုးရိမ်သဖြင့် PNO က အချက် (၉) ချက်ဖြင့် စစ်ဆေးပြီးမှ နေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပုံးအင်းဒေသ ဆိုင်လဲကျေးရွာ မှ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တကယ်လို့ စစ်ဘေးရှောင်တွေရောက်လာရင်လည်း သူတို့က မှတ်ပုံတင်၊ ကိုဗစ် ကာကွယ်ဆေးထိုးထားတာရှိမရှိ၊ အိမ်ထောင်စုတွေ စတဲ့ အချက် ၉ ချက်ကို စစ်ဆေးပြီးတော့ လက်ခံခိုင်းထားပါတယ်။ ဘယ်နေရာကလာလဲ၊ ဘယ်သူတွေလဲဆိုတာ စစ်ဆေးပြီးမှ လက်ခံခိုင်းထားတာပါ။ သူတို့ကို ဆန့်ကျင်တဲ့ PDF တပ်ဖွဲ့တွေဝင်လာရှုပ်မှာကို ကြောက်တာ ” ဟု ၎င်းက ပြောသည်။

ထိုအပြင် ကျေးရွာအတွင်းရှိ ဒေသခံများကို တစ်ရွာ ၁၅ ယောက် ဖွဲ့စည်းခိုင်းထားပြီး ရွာလုံခြုံရေးကို ယူထားခိုင်းကြောင်း သိရသည်။

“အခုက ပအိုဝ်းအုပ်ချုပ်ခွင့်ရဒေသမှာက ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ကို ဖွဲ့စည်းထားတယ်လေ။ သူတို့က ရပခ လက်အောက်ခံဖြစ်တယ်လေ။ ပြီးတော့ ရွာမှာလည်း လုံခြုံရေးစောင့်ဖို့ဆိုပြီး တစ်ရွာကို ၁၅ ယောက်လောက်ဖွဲ့ထားခိုင်းတယ်” ဟု ဒေသခံက အမျိုးသားက ပြောသည်။

လက်ရှိ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) သည် ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် နှင့် ဟိုပုံးမြို့နယ်အထိ တစ်အိမ်ကို ငွေ ၃ သောင်း နှင့် ဆန် ၃ ပြည်တောင်းသည့် အပြင် စစ်သားများကို ကောက်ယူနေလျက်ရှိကြောင်း သိရသည်။

ထိုအပြင် လက်ရှိ ဒေသတွင်း လူငယ်များလည်း ကျေးရွာမှ ထွက်ခွာနေကြပြီး အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးလာနေလျှက်ရှိကြောင်း သိရသည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...