ဒီးမော့ဆို မြို့ နယ်အရှေ့ဘက်ခြမ်းက စစ်ရှောင်အမျိုးသမီးငယ်တစ်ဦးပျောက်ဆုံးနေ

ဒီးမော့ဆို မြို့ နယ်အရှေ့ဘက်ခြမ်းက စစ်ရှောင်အမျိုးသမီးငယ်တစ်ဦးပျောက်ဆုံးနေ

ဒီးမော့ဆိုအရှေ့ဖက်ခြမ်း မှာ စစ်ရှောင်နေတဲ့ အသက် (၁၅) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ ပြီးခဲ့တဲ့  ဇွန်လ (၁၀) ရက်နေ့ မွန်းလွှဲ ၁ နာရီဝန်းကျင်အချိန် မှာ ပျောက်ဆုံးသွားတယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။

“သူ့တို့ညီအစ်မ နှစ်ယောက် သူတို့သူငယ်ချင်းဆီသွားလည်ပြီး ပြန်လာတဲ့လမ်းမှာ သူ့ညီမက အပေါ့သွားလိုက်တဲ့အချိန် သူက အရင်ပြန်ပြီး လမ်းမှာပျောက်သွားတယ်” လို့ သူမရဲ့ မိခင်က ပြောပါတယ်။

ပျောက်ဆုံးသူရဲ့ အမည်မှာ မပလျားမြာဖြစ်ပြီး သူမဟာ ငယ်ငယ်ကတည်းက ကျန်းမာရေးချို့တဲ့ သူဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စကားနည်းသူဖြစ်ပြီး တခြားသူ စကားလာပြောရင်တောင် သူမက ပြန်ပြောလေ့မရှိဘူးလို့ မိသားစု အသိုင်းအဝိုင်းက ပြောပါတယ်။

သူမပျောက်သွားတာ ၅ရက်မြောက်ရှိပြီဖြစ်ပြီး လက်ရှိအချိန်အထိ စစ်ရှောင်စခန်းမှ ပြည်သူတွေနဲ့ မိသားစုဝင်တွေလည်း နီးစပ်ရာ စစ်ရှောင်စခန်းနဲ့ တောတောင်တွေထဲမှာ လိုက်လံရှာဖွေကြပေမယ့် မတွေ့ရှိသေးဘူးလို့ ဆိုပါတယ်။

သူမတို့မိသားစုဟာ ကျေးရွာအတွင်း လက်နက်ကြီးကျတာကြောင့် စစ်ရှောင်စခန်းနဲ့ နီးတဲ့ သူတို့ပိုင်ဆိုင်တဲ့ တောင်ယာထဲမှာ သွားရောက်နေထိုင်တာ(၁၀) ရက်ကျော်ပြီ လို့ သိရှိရပါတယ်။

Most read this week

ဓာတ်ပုံ - ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC)
August 11, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာတွင် ဒေသခံများနှင့် စစ်ဘေးရှောင်များ...
August 10, 2026
ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ၁၉၄၈ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ စစ်အာဏာရှင်စနစ်ကို တော်လှန်...
August 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေလကြိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အရေပြား...
August 8, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်...