စစ်ကောင်စီရဲ့ သတ်ဖြတ်မှုနဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးသူ အမျိုးသမီး (၃၂) ဦးထိရှိ

စစ်ကောင်စီရဲ့ သတ်ဖြတ်မှုနဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးသူ အမျိုးသမီး (၃၂) ဦးထိရှိ

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ( ၁ )ရက်နေ့ မှ ၂၀၂၂ ခုနှစ်၊ ဇွန်လ ( ၉ )ရက်နေ့အထိ ကရင်နီပြည်အတွင်းရှိ အမျိုးသမီးများ မတရားသတ်ဖြတ်ခံရသူနဲ့ လက်နက်ကြီး ထိမှန်ပြီး သေဆုံးသူ (၃၂) ဦး ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က ထုတ်ပြန်ထားပါတယ်။

သေဆုံးသူအများစုဟာ လက်နက်ကြီးထိမှန်ပြီး သေဆုံးရတာတွေ ပိုများတယ်လို့ PKPF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးထိမှန်တာနဲ့ စစ်ကောင်စီ သတ်ဖြတ်တာပေါ့နော။ အကြောင်းအရင်းကတော့ နှစ်ခုရှိတယ်။ အများအားဖြင့်ကတော့ လက်နက်ကြီး ထိမှန်လို့ သေဆုံးတာပေါ့နော။ ကျန်တဲ့ စစ်ကောင်စီသတ်ဖြတ်တာကတော့ ကျနော်တို့ ရုပ်အလောင်း အကြွင်းပဲ ပြန်တွေ့ရပါတယ်။ ဒီရုပ်အလောင်းကြွင်းတွေပဲ ကျနော်တို့ တွေ့ရတာ။ ဒီရုပ်အလောင်းအကြွင်းပဲ ပြန်တွေ့ရတဲ့ဟာနဲ့ ဒီမိုဆိုကိစ္စမှာ ဖြစ်သွားတဲ့ဟာ” လို့ PKPF က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်ရင်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာဟာရမပြည့်ဝမှုဖြစ်ပြီး သေဆုံးသူတွေလည်းရှိနေပြီး အမျိုးသမီး (၁၁) ဦး ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ သေဆုံးသွားတဲ့ အမျိုးသမီးတွေရဲ့ စာရင်းတွေဟာ PKPF အနေနဲ့ လက်လှမ်းမှီသလောက် ပြုစု မှတ်တမ်းတင်ခြင်းသာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်မှာ တစ်နှစ်ကျော် ကာလအတွင်း စစ်ရှောင်ပြည်သူ နှစ်သိန်းနီးပါးရှိနေပြီး အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပါတယ်။

ဒီလိုသေဆုံးရတာဟာ ပဋိပက္ခအတွင်း ထွက်ပြေးတိမ်းရှောင်ရင်း အသက်ဆုံးရှုံးရတာတွေဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကြောက်လန့်စိတ်တွေက အမြဲတမ်းရှိနေတယ်လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကျမတို့ကိုယ်တိုင်ခံစားနေရတယ်လေ။ လေယာဉ်လာကျဲမယ် လက်နက်ကြီးကျရင်လည်း ကျမတို့ကိုယ်တိုင်မြောင်းထဲမှာ ပုန်းရမယ့် အချိန်တွေရှိတယ်။ ပြီးတော့မှ မအိပ်ဘဲနဲ့ ကောင်းကင်ကို မျှော်ကြည့်ပြီးတော့ သူလာမယ့်အချိန်ကို စောင့်နေရတာမျိုးပေါ့။ ထိပ်လန့်မှုတွေနဲ့ ခဏတဖြုတ်တောင်မှ စိတ်ချ လက်ချ နေလို့မရဘူး” လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီး သေဆုံးတဲ့ အမျိုးသမီးတွေဟာ ဖယ်ခုံ၊ ဒီးမော့ဆို၊ လွိုင်ကော် က အမျိုးသမီးတွေ ဖြစ်ပြီး ဘောလခဲက တစ်ဦးပါဝင်တယ်လို့ လို့ PKPF က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...