နမ့်ခမ်းမြို့ ရှိ စာသင်ကျောင်းများတွင် စစ်ကောင်စီ လက်အောက်ခံများ လာရောက်စောင့်ဆိုင်းနေ

နမ့်ခမ်းမြို့ ရှိ စာသင်ကျောင်းများတွင် စစ်ကောင်စီ လက်အောက်ခံများ လာရောက်စောင့်ဆိုင်းနေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အတွင်းရှိ စာသင်ကျောင်းများ အားလုံးကို စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ နှင့် ပြည်သူ့စစ် တို့က လုံခြုံရေးအပြည့် ယူထားကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ ဇွန် ၆ ရက်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဈေးထဲဝင်ရောက်လာသည့် သတင်းထွက်ပေါ်လာပြီးနောက် ယနေ့ ဇွန် (၇) ရက်နေ့တွင် စစ်ကောင်စီတပ်၊ ရဲ နှင့် ပြည်သူ့စစ်များက စာသင်ကျောင်း နှင့် ဈေးထဲတွင် လုံခြုံရေးယူထားကြောင်း သိရသည်။

“ ကျောင်းတိုင်းမှာ လုံခြုံရေးတွေ အပြည့်စောင့်ကြည့်နေကြတာ။ စောင့်နေတာတော့ စစ်သားတွေ၊ ရဲတွေ နဲ့ ပြည်သူ့စစ်တွေ စောင့်နေတာ။ စာသင်ကျောင်းတိုင်း အားလုံးရဲ့ အဝင်ဝမှာစောင့်နေကြတာ။ ကျောင်းတော့ မပိတ်ဘူး။ ဖွင့်နေသေးတယ်” ဟု နမ့်ခမ်းမြို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့က သတင်းထွက်ပေါ်မှုကြောင့် ယနေ့ ဇွန် (၇) ရက် နမ့်ခမ်းမြို့မဈေးထဲတွင် သွားလာသူ နည်းပါးလာကြောင်း သိရသည်။

“ ဒီနေ့တော့ ဈေး ပြန်ဖွင့်ကြတယ်။ ဒါမဲ့ ဈေးသွားတဲ့သူမရှိဘူး။ အရမ်းနည်းတယ်။ ဈေးသွားတဲ့သူ မရှိသလောက်ပါပဲ။ ဒီနေ့ကျတော့ ကျောင်းတွေမှာ လုံခြုံရေး ပိုတင်းကြပ်တာပေါ့” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

နမ့်ခမ်းမြို့သည် တအာင်းလွတ်မြောက်ရေးတပ်မတော်TNLA ၊ ကချင်တပ်မတော် KIA နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/SSA တို့အပြင် စစ်ကောင်စီတပ်သားတို့ မြို့ပတ်လည်ရှိတောင်တန်းများနှင့် နမ့်မောဝ် (ရွှေလီမြစ်) တစ်လျှောက် သွားလာလှုပ်ရှားနေကြကြောင်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...