ရန်ကုန် – တောင်ကြီးသွား ကားသမားတစ်ဦး (၅) လကြာ ပျောက်ဆုံးနေ

ရန်ကုန် – တောင်ကြီးသွား ကားသမားတစ်ဦး (၅) လကြာ ပျောက်ဆုံးနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းသို့ ရန်ကုန်မှ အလည်လာသွားသူများကို လိုက်ပို့သည့် ကားသမားတစ်ဦး ၅ လ ကြာထိ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။

လွန်ခဲ့သည့် ဒီဇင်ဘာ ၂၇ ရက် ၂၀၂၁ ခုနှစ်တွင် ရန်ကုန်မြို့မှ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့သို့သွားလည်မည့် ခရီးသည်များကို လိုက်ပို့သည့် ကားသမားတစ်ဦးသည် ယနေ့ထိ ပျောက်ဆုံးနေကြောင်း၊ သတင်းတစုံတရာလည်း မရရှိကြောင်း ကားသမား၏ ဇနီးဖြစ်သူ ဒေါ်ငုံငုံငြိမ်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့နေ့ကတည်းကထွက်သွားတာ ဒီနေ့ထိ လုံးဝအဆက်သွယ်မရတော့ဘူး။ ပျောက်ဆုံးနေတာ ၅ လ လောက်ရှိနေပြီ။ ဖုန်းဆက်လည်းမရတော့ဘူး။ သူတို့ ဖေ့ဘွတ်အကောင့်ဝင်ကြည့်တော့လည်း လိုင်းသုံးထားတာမျိုးလည်း မတွေ့ရတော့ဘူး။ သူများက ကားငှားလို့ သူက တောင်ကြီးထိသွားပို့ပေးတာ။ အခုထိ ပြန်မလာတော့ဘူး” ဟု ၎င်း ၏ ဇနီးဖြစ်သူ က ဆိုသည်။

အဆိုပါ ပျောက်ဆုံးနေမှုကြောင့် လမ်းတစ်ဝက်မှာ မည်သည့် ကိစ္စကြောင့် ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက စိုးရိမ်ပူပန် နေကြကြောင်း သိရသည်။

“ ကျမလည်း သတင်းတစ်ခုပြီး တစ်ခုကြားနေတာ။ ဟိုတလောတုန်းက တောင်ကြီးမှာတဲ့။ အခုက ပင်းတယမှာတဲ့။ အဲ့လိုတွေကြားနေတာ။ မသေချာဘူးဖြစ်နေတာ။ ကျမအခုသိချင်တာက ဘာဖြစ်တာလဲ သိချင်တာ။ လမ်းမှာ ဖမ်းခံရတာလား။ သတ်ခံရတာလား။ သေချာတဲ့အဖြေသိချင်တာ။ တွေ့ရင်လည်း ပြန်ပြောပေးကြပါအုံး။ အခုက သေလားရှင်လား ဘာမှ မသိရတော့ဘူး” ဟု အထက်ပါ ဒေါ်ငုံငုံငြိမ်းက ပြောသည်။

အဆိုပါ ၎င်း၏ အမျိုးသားပျောက်ဆုံးချိန်သည် သျှမ်းပြည်နယ်အတွင်းမှာ စစ်ကောင်စီက စစ်ဆေးရေးကြမ်းနေသည့် အချိန်ဖြစ်ကြောင်း သိရသည်။

ထိုအချိန်သည် စစ်ကောင်စီမှ မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင်များကို စစ်ဆေးနေပြီး ဖမ်းဆီးမှုများလည်း ပိုမိုပြုလုပ်နေသည့် အချိန်ဖြစ်ကြောင်း သိရသည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...