ဗန်းမောက်မြို့နယ်တောင်ပိုင်းဒေသကစာသင်ကျောင်းအများစုကို PDF တွေကမဖွင့်ဖို့သတိပေးထား

ဗန်းမောက်မြို့နယ်တောင်ပိုင်းဒေသကစာသင်ကျောင်းအများစုကို PDF တွေကမဖွင့်ဖို့သတိပေးထား

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသက စာသင်ကျောင်းအများစုကို မဖွင့်ဖို့အတွက် သတိပေးစာကို ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (ပ.က.ဖ) တွေက စာသင်ကျောင်းတွေမှာ ကပ်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇွန်လ ၂ ရက်နေ့မှာ ဒေသခံကာကွယ်ရေးတပ်တွေက နားမော်ကျေးရွာအတွင်း ရောက်လာပြီး ကျောင်းတွေဖွင့်လှစ်ထားလားတာဆိုတာကို လာရောက်မေးမြန်း စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့နယ် တောင်ပိုင်းက စာသင်ကျောင်းတချို့ ဖွင့်လှစ်ပေမယ့်လည်း ကျောင်းအုပ်ကြီး လစ်လပ်မှု ၊ကျောင်းဆရာ/မတွေ ကြောက်လန့်ပြီး လာရောက်ခြင်းမရှိကြကြောင်း မေလ ၃ ရက်နေ့မှ ဗန်းမောက်တောင်ပိုင်းမှာ နေတဲ့ ဒေသခံတွေက ပြောပါတယ်။

“ ကျွန်တော်တို့ ကျောင်းအုပ်ကြီးဆို ပင်လည်ဘူးက သူကမလာရဲဘူး ၊ ကလေးတွေက ကျောင်းသွားချင်ကြတယ်။ ဆရာတွေကလည်း မလာရဲဘူးဖြစ်နေကြတာ၊ အဲ့တာဘယ်လိုလုပ်ရမလဲကိုမသိတော့ဘူး အခြေအနေက အဲ့လိုပါ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဗန်းမောက်မြို့ပေါ်နဲ့ ကျေးလက်အများစုက ဇွန်လ ၂ ရက်နေ့က စပြီးကျောင်းတွေပြန်လည်ဖွင့်လှစ် သင်ကြားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဇွန်လ (၃)ရက်နေ့မှာ NUG ဝန်ကြီးဌာနနှစ်ခုက ပူးပေါင်းထုတ်ပြန်မှုမှာ စာသင်ကျောင်းတွေကို တိုက်ခိုက်တဲ့ ဘယ်အဖွဲ့အစည်းတွေကို မဆိုလုံးဝ လက်ခံမှမဟုတ်ပဲ ရှုံချတယ်လို့ ထုတ်ပြန်ထားပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...