ပင်းတယမြို့ CDM ကျောင်းဆရာမ တစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

ပင်းတယမြို့ CDM ကျောင်းဆရာမ တစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့တွင် CDM ကျောင်းဆရာမ တစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်သားများသည် ပင်းတယမြို့ပေါ်ရှိ ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်မှ ရွာများအထိ ဝင်ရောက်မွှေနှောက်ရှာဖွေကာ ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွား ကြောင်းသတင်းသိရသည်။

“အဲ့နေ့ည အစောပိုင်း ၈ နာရီ ၉နာရီလောက်မှာ မီးပျက်တော့ ကျောက်တလုံးရွာဘက်ကို စစ်သားနဲ့ရဲတွေက ဝင်ရှာနေပြီ၊ အဲ့ရွာမှာ ၁ ဦးဖမ်းတယ်၊ ပြီးတော့ ကျောက်စုရွာ ၄ ယောက်၊ ကျောက်တစ်လုံးရွာ ၁ ယောက်၊ တောင်ပေါ်ကြီး ၁ ယောက်၊ ထွက်နီ ၁ယောက် ၊ မြို့ပေါ် ဟော်ကုန်းရပ်ကွက်က ၁ယောက် ၊ စျေးတန်းရပ်က ၁ ယောက်၊ မြို့ပေါ်က CDM ဆရာမ တစ်ယောက်ပါတယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် CDM ဆရာမကို ကူညီထောက်ပံ့ပေးမှုနှင့် စစ်ကောင်စီကို အကြောင်းမကြားမှုတို့ကြောင့် အဆိုပါ ဆရာမ ခိုလှုံနေထိုင်သည့် နေအိမ် နှင့် ၎င်း၏ အိမ်နီးချင်းတို့ကိုလည်း စစ်ကောင်စီ ကခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားတို့သည် ရပ်ကွက် နှင့် ကျေးရွာများကို စစ်တပ်သတင်းပေး ဒလန်တို့၏ လမ်းညွှန်မှုအတိုင်း ဖမ်းဆီးမှုများပြုလုပ်ပြီးနောက် ညသန်းခေါင် ၁ နာရီဝန်းကျင်အချိန်တွင် မြို့ထဲလမ်းမအတိုင်း ကားကို အရှိန်ပြင်းစွာ မောင်းနှင်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ အချိန်ထိ စစ်ကောင်စီတို့မှ ၎င်းတို့ မသင်္ကာသည့် ပြည်သူများကို မတရားဖမ်းဆီးနှိပ်စက်မှု ဆက်တိုက်ပြုလုပ်နေသည့်အတွက် စိုးရိမ်စိတ်ဖြင့် နေ့စဥ်ဘဝကို ဖြတ်သန်းနေရကြောင်း ဒေသခံများက ပြောသည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...