တိုက်ပွဲထက် စားနပ်ရိက္ခာပြတ်လပ်မှု နဲ့ ဆေးဝါးခက်ခဲမှုကြောင့် သေဆုံးသူပိုများလာနိုင် ကြောင်း KNHRG အဖွဲ့ပြော

တိုက်ပွဲထက် စားနပ်ရိက္ခာပြတ်လပ်မှု နဲ့ ဆေးဝါးခက်ခဲမှုကြောင့် သေဆုံးသူပိုများလာနိုင် ကြောင်း KNHRG အဖွဲ့ပြော

တစ်နှစ်ကြာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့အတူ စစ်ရှောင်နေကြရတဲ့ ကရင်နီပြည်က လူထုတွေဟာဆိုရင် တိုက်ပွဲတွေကြောင့် သေဆုံးတာထက် စားနပ်ရိက္ခာ မလုံလောက်မှု ၊ ပြတ်လပ်မှု နဲ့ ကျန်းမာရေးပြဿနာ ကြောင့် သေဆုံးသူပိုများလာနိုင်တယ်လို့ ကရင်နီပြည် လူ့အခွင့်အရေးအဖွဲ့ (KNHRG) ညွန်ကြားရေးမှူး ဗညား က သုံးသပ်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ ကရင်နီပြည်နယ်၏ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကြပ်အတည်း သတင်းစာရှင်းလင်းပွဲ အပြီးမှာ ကန္တာရဝတီတိုင်း(မ်) ကို ပြောဆိုလိုက်တာပါ။  

“ နှစ်ခုပေါင်းလိုက်ရင် ကျနော်ပြောရဲတာက နောက်ပိုင်း သုံး ၊ လေး လထက်စာပြီးတော့ ဒီလိုမျိုး ပုံစံအတိုင်း ဆက်သွားမယ်ဆိုရင် ကျနော်တို့ ပြည်နယ်ထဲမှာ စိတ်ကျရောဂါကြောင့်ဖြစ်စေ သက်ကြီးရွယ်အို ဖြစ်စေ ကလေးဖြစ်စေ မိခင်ဖြစ်စေ သေဆုံးမှုနှုန်းက ချက်ချင်းကို သိသိသာသာထောင်တက်သွားနိုင်ချေရှိတယ်။ မနေ့တနေ့က ကျနော်တို့ ပြောတဲ့ ဒီ စစ်ရှောင်စခန်းတစ်ခုမှာ ဝမ်းလျောရောဂါဖြစ်ပြီးတော့ သေသွားတဲ့ကလေးရှိတယ်။ ဒါက အစပဲရှိသေးတယ်။“ လို့  ကရင်နီပြည်လူ့အခွင့်အရေး အဖွဲ့ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

လက်ရှိမှာဆိုရင် စစ်ရှောင်တွေအတွက် အကူအညီ လိုအပ်လျက်ရှိနေပြီး သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း တွေကနေပြီး ကူညီဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ဒီးမော့ဆို ၊ ဖရူဆို ဖက် စစ်ရှောင်တွေဟာ စိုက်ပျိုးရာသီမှာ မစိုက်ပျိုးနိုင်တာတွေ ကြောင့် စားနပ်ရိက္ခာကြပ်တည်းလာသလို၊ သယ်ယူပို့ဆောင်တဲ့နေရာမှာလည်း စစ်ကောင်စီဖက် ပိတ်ဆို့တာတွေ ၊ ဆေးဝါး မလုံလောက်မှု တွေ ၊ အာဟာရချို့တဲ့မှု ၊ သဘာဝဘေးအန္တာရယ်တွေကြောင့် သေဆုံးမှုတွေ ဖြစ်ပေါ်လာနိုင်တာဖြစ်ပါတယ်။

ဒီးမော့ဆို နဲ့ ဖရူဆို တွေမှာ စစ်ရှောင်နေကြရတဲ့ သူတွေဟာဆိုရင် လာမယ့် စိုက်ပျိုးရာသီမှာ မစိုက်ပျိုးနိုင်တာတွေ ရှိလာနေတဲ့အတွက် စားနပ်ရိက္ခာအတွက် စိုးရိမ်မှုရှိနေတယ်လို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်ပြည်သူ တစ်ဦးက ပြောပါတယ်။

“ ထောက်ပံ့ကြေးပဲ မျှော်ရတော့မှာပေါ့။ ထောက်ပံ့ကြေးက မလောက်ရင်လည်း ရှာကြံစားရမာပေါ့။ ဝင်ငွေလည်း မရှိဘူး။ ကျမတို့ စားစရာမရှိတော့မှာလည်း စိုးရိမ်တယ် အခြေအနေက ဘယ်လိုလာမလဲ မသိသေးဘူး။ “ လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တစ်နှစ်ကျော်ကာလအတွင်း လူ့အခွင့်အရေးအဖွဲ့ ကောက်ယူထားတဲ့ ပြည်သူလူထုသေဆုံးသူ စာရင်းအရ  ၂၀၀ ကျော်ရှိပေမယ့် စာရင်းထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။

“ တော်တော်များများ ဘယ်မှာသွားကောက်လဲဆိုတော့ ဒီဖက်ခြမ်း တိုက်ပွဲဖြစ်လို့ စစ်ကောင်စီဖမ်းဆီးလို့ ၊ သတ်ဖြတ်လို့ ၊ မြေမြှုပ်မိုင်းထိလို့ မဟုတ်ရင် အစုအလိုက်အပြုံလိုက် သတ်ဖြတ် အဲ့ဒီဟာတွေဖြစ်တယ် လက်နက်ကြီးထိလို့ ။ ဒါပေမယ့် ဒီကြားမှာ မသိမသာဖြစ်တဲ့ ခဏက စခန်းမှာ သေတဲ့ နှုန်းက တအားများတယ်။ ကျနော် အခုစာရင်းတွေ တောင်းထားတယ်။ မရသေးဘူး။ မမှားဘူးဆိုရင် စာရင်းအရ ငါးရာနီးပါးရှိတယ်။ လောလောဆယ်စာရင်း အရ ၂၀၀ကျော်ရှိတယ်။ “ လို့ ကရင်နီပြည်လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ဆက်ပြောပါတယ်။

ကိုဗစ်ကြောင့် သေဆုံးတာတွေ၊ ဆေးဝါး အားနည်းချက်ကြောင့် သေဆုံးတာတွေ ကြုံတွေ့နေရတာဖြစ်ပြီး သက်ကြီးရွယ်အိုသေဆုံးသူ ပိုများနေတာဖြစ်ပါတယ်။ ကရင်နီပြည်မှာဆိုရင် လူဦးရေ ထက်ဝက်ကျော်လောက်ဟာဆိုရင် စစ်ရှောင်နေရတာဖြစ်ပါတယ်။

May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...