အချိန်မီဆေးမကုသနိုင်၍ လွှတ်တော်ကိုယ်စားလှယ် တောတွင်းစခန်း၌ ကွယ်လွန်

အချိန်မီဆေးမကုသနိုင်၍ လွှတ်တော်ကိုယ်စားလှယ် တောတွင်းစခန်း၌ ကွယ်လွန်

ကချင်ပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အချိန်မီဆေးကုသမှုမပြုနိုင်၍ တောတွင်းစခန်းတစ်ခုတွင် ကွယ်လွန်ခဲ့ရကြောင်း NLD ပါတီ ပြည်နယ်သတင်းပြန် ကြားရေးအဖွဲ့ထံက သိရသည်။

ကချင်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးချင်းဖေလင်းသည် ဇွန်လ ၁ ရက်နေ့ နံနက် ၃ နာရီ ၄၇ မိနစ်တွင် အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့ရခြင်း ဖြစ်သည်။

“အသည်းရောဂါ ဆေးကုဖို့ အခြေအနေမပေးတာနဲ့ ဆုံးတာလို့ လောလောဆယ် ဒါဘဲသိရသေးတယ်" ဟု ကချင်ပြည်နယ် NLD ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက မဇ္ဈိမသို့ပြောသည်။

ဦးချစ်ဖေလင်းသည် ကျောက်ကပ်၊ သွေးတိုး၊ ဆီးချို ရောဂါအခံရှိသူလည်းဖြစ်ပြီး နေပြည်တော်တွင် လွှတ်တော်အစည်းအဝေးတက်ရောက်စဉ်ကတည်းက ဆေးကုသမှုများ ခံယူခဲ့ရသူဖြစ်ကြောင်း ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီးနောက်ပိုင်း ၎င်းသည် တောတွင်းစခန်းများတွင်နေ၍ စစ်အာဏာရှင်ပြုတ်ကျရေး တော်လှန်ဆင်နွှဲနေစဉ် အသည်းရောဂါဖြင့် သေဆုံးခဲ့ရခြင်ဖြစ်သည်။

ဦးချစ်ဖေလင်းသည် ၂၀၁၅ - ၂၀၂၀ ခုနှစ်၊ ကချင်ပြည်နယ်၊ မံစီမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် လွှတ်တော်တာဝန်များထမ်းဆောင်ခဲ့ကြောင်း သိရသည်။

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...