နောင်ချိုမြို့ ပညာရေးမှူးရုံးအတွင်း ဗုံးပေါက်ကွဲ၊ဝန်ထမ်း (၅) ဦး ဒဏ်ရာရ

နောင်ချိုမြို့ ပညာရေးမှူးရုံးအတွင်း ဗုံးပေါက်ကွဲ၊ဝန်ထမ်း (၅) ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ ပညာရေးမှူးရုံးတွင် ယမန်နေ့ (မေလ၃၁) ရက် နေ့လည် ၃ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဝန်ထမ်း (၅) ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဝန်ထမ်း (၅) ဦး အစည်းဝေးလုပ်နေချိန်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ပြင်းထန်သည့် ဒဏ်ရာရရှိကာ စိုးရိမ်ရကြောင်း နောင်ချိုမြို့ ပရဟိတ အသင်းတစ်ခုမှ တာ၀န်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပညာရေးမှူးရုံးထဲ ဗုံးပေါက်ကွဲသွားပြီးတော့ ဝန်ထမ်း (၅) ဦး ထိသွားပါတယ်။ သူတို့ အစည်းဝေးလုပ်နေချိန်မှာပဲ ဗုံးက ပေါက်ကွဲသွားတာပါ။ ဒဏ်ရာတော့ တော်တော်ပြင်းထန်ပြီး စိုးရိမ်ရတဲ့ အခြေနေတော့ ရှိနေတယ်” ဟု ၎င်းက ပြောသည်။

ထိုထိခိုက်သွားသည့် ဝန်ထမ်း (၅) ဦးကို လက်ရှိ နောင်ချို ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

ထို့အပြင်  မေ ၃၁  ရက်သည် ကျောင်းအပ်ရန် နောက်ဆုံးရက်လည်းဖြစ်ကာ ကျောင်းအပ်သည့် လူဦးရေသည် ပုံမှန်ဖြစ်နေကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

“ ဒီနေ့က ကျောင်းအပ်တာ နောက်ဆုံးရက်ပါ။ ကျောင်းမှာ ပေါက်ကွဲတာမဟုတ်ဘူး။ ကျောင်းသွားအပ်တာတော့ ပုံမှန်ပါပဲ။ ကျောင်းသွားအပ်တဲ့ ကလေးတွေလည်း ရှိနေပါတယ်။ ပုံမှန်ပဲသွားအပ်နေကြပါသေးတယ်” ဟု ၎င်းဒေသခံ အမျိုးသမီးကဆိုသည်။

ကိုဗစ်-၁၉ ကူးစက်မှုကြောင့် နှင့် နိုင်ငံရေး အရှုပ်အထွေးကြောင့် ကလေးငယ်များ ကျောင်းမတက်လာခဲ့သည်မှာ ၂ နှစ် သာရှိခဲ့ပြီ ဖြစ်ကြောင်းသိရသည်။

ယနေ့ နောင်ချိုမြို့နယ် ပညာရေးမှူး ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည့်သည်အဖွဲ့မှ လာရောက်လုပ်ဆောင် ထားကြောင်း လက်ရှိအချိန်ထိ မသိရှိရသေးပေ။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...