တောင်ကြီးမြို့အတွင်း ဧည့်သည် နှင့် လူငယ်များ လက်မခံရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြော

တောင်ကြီးမြို့အတွင်း ဧည့်သည် နှင့် လူငယ်များ လက်မခံရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြော

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အတွင်း ဧည့်သည် နှင့် အထူးသဖြင့် လူငယ်များကို ညအိပ် လက်မခံရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆယ်အိမ်မှူးများကို လိုက်လံပြောဆိုနေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်က တောင်ကြီးမြို့ ပြည်တော်သာ ရပ်ကွက်ထဲတွင် ဆယ်အိမ်မှူးက ဧည့်သည်လက်ခံထားသည့် နေအိမ်ကို ဧည့်သည်လက်မခံရန် နှင့် အထူးသဖြင့် လူငယ်များကို လက်မခံရန်အတွက် ပြောဆိုသွားခဲ့ကြောင်း တောင်ကြီးမြို့တွင် နေထိုင်သူများက ပြောသည်။

“ဧည့်သည်တွေ လက်မခံဖို့ ပြောတာ။ အထူးသဖြင့် လူငယ်တွေကို လက်မခံဖို့ပြောတယ်။ သူတို့ အိမ်လာပြီးပြောတာ။ ဒါမဲ့ ကျမတို့က လာတဲ့ဧည့်သည်တိုင်းအတွက် ဧည့်စာရင်းတိုင်ပေးတယ်” ဟု တောင်ကြီးမြို့ ပညာရေးကောလိပ်အနီး နေထိုင်သည့် အမျိုးသမီး တစ်ဦးက ပြောသည်။

အလားတူ ယခု မေလအတွင်းတွင်လည်း မြို့မ ရပ်ကွက်တွင် သွားအိပ်ခဲ့သည့် လူငယ်တစ်ဦးကြောင့် အိမ်ရှင်က ရုံးတက်ရပြီး ငွေကျပ် ၃သောင်းခွဲ ပေးဆောင်လိုက်ရကြောင်း သိရသည်။

“ ဟိုတလောတုန်းကလည်း ကောင်လေးတစ်ယောက်က သူ့သူငယ်ချင်း အိမ်မြို့မရပ်ကွက်မှာ သွားအိပ်တာ။ အိမ်ရှင်ကလည်း ဧည့်စာရင်း မတိုင်လိုက်ရလို့တဲ့။ အဲ့ဒါ နောက်တစ်နေ့တော့ အိမ်ရှင်က ရုံးလည်းတက်ရပြီးတော့ ဒဏ်ကြေးငွေ ၃ သောင်းခွဲပေးလိုက်ရတယ်” ဟု တောင်ကြီးမြို့ မြို့မဈေးနား နေထိုင်သည့် အမျိုးသမီးက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများ ခရီးသွားလာရေးကို ပိုမိုတင်းကြပ်လာပြီး လူငယ်များကို နိုင်ငံရေးထဲ မပါဝင်လာအောင် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေလျက်ရှိကြောင်းသိရသည်။

ထိုအပြင် ခရီးသွားလာသူများအနေဖြင့် ဧည့်စာရင်းမတိုင်ပါက ငွေကြေး တောင်းခံမှုများလည်းရှိကြောင်း သိရသည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...