နိုင်ငံတော်အတိုင်ပင်ခံနှင့် သမ္မတတို့ကို စွပ်စွဲထားသည့် ရဟတ်ယာဥ် အဂတိမှု တရားလိုကိုစစ်ဆေး

နိုင်ငံတော်အတိုင်ပင်ခံနှင့် သမ္မတတို့ကို စွပ်စွဲထားသည့် ရဟတ်ယာဥ် အဂတိမှု တရားလိုကိုစစ်ဆေး

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို စွပ်စွဲထားသည့် ရဟတ်ယာဥ် အဂတိ အမှုများနှင့် ပတ်သက်ပြီး တရားလိုကို ယမန်နေ့  မေလ ၃၀ ရက် ရုံးချိန်းတွင် ဆက်လက် စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

တရားလိုမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ညွှန်မှူး ဦးအောင်ခန့် ဖြစ်ပြီး ယမန်နေ့ ရုံးချိန်း၌ ၎င်းအား အမှုနံပါတ် (၄၈) နှင့် ပတ်သက်ပြီး စွပ်စွဲခံရသူများဘက်က ပြန်လှန်စစ်မေး ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် သမ္မတတို့ကို စွပ်စွဲထားသည့် ရဟတ်ယာဉ် ဝယ်ယူမှုနှင့် ပတ်သက်ပြီး အစိုးရနှင့် ကုမ္ပဏီအကြား သဘောတူညီချက်များအပေါ် မြန်မာဘာသာ ပြန်ဆိုထားသည့် စာရွက်စာတမ်းကို တရားလိုဘက်က တရားရုံးသို့ တင်ပြရန် သတ်မှတ်ထားသော်လည်း ယမန်နေ့ ရုံးချိန်းတွင် မတင်ပြနိုင်ခဲ့ပေ။

ထို့ကြောင့် တရားသူကြီးက ယင်းကိစ္စအတွက် ဇွန်လ ၆ ရက်နေ့ကို ထပ်မံ ချိန်းဆိုထားသည်။

"နိုတြီ လုပ်တာက ဘာသာပြန်တဲ့ အခါကျတော့ မြန်တာတို့ နှေးတာတို့ ရှိတာပေါ့။ အချိန် ယူရတာ ရှိတယ်။ အဲ့ဒါကို ဒီနေ့ သူတို့ဘက်က မတင်နိုင်သေးတာ" ဟု တရားရုံးနှင့် နီးစပ်သူ တစ်ဦးကပြောသည်။

ယင်းအမှုမှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ရဟတ်ယာဉ် ငှားရမ်းခြင်း၊ နိုင်ငံတော်ပိုင် ရဟတ်ယာဉ် တစ်စီး ဝယ်ယူခြင်းတို့နှင့် ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ကို အဂတိအမှု ငါးမှုဖြင့် စွပ်စွဲ တရားစွဲဆို ထားခြင်း ဖြစ်သည်။

အဆိုပါ အဂတိအမှု ငါးမှုတွင် သုံးမှုမှာ ရဟတ်ယာဉ် ငှားရမ်းမှုနှင့် ပတ်သက်ပြီး နှစ်မှုမှာ ရဟတ်ယာဉ် တစ်စီး ဝယ်ယူမှုနှင့် ပတ်သက်၍ စွဲဆိုထားခြင်း ဖြစ်သည်။

Most read this week

ဓာတ်ပုံ - CJ
August 11, 2026
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာကို စစ်တပ်က ယနေ့ (ဩဂုတ်လ ၁၁ ရက်)...
August 11, 2026
အာဇာနည်ခေါင်းဆောင် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ကို မြှုပ်နှံထားသည့် သမိုင်းဝင် တာမွေ အစ္စလာမ်...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့သို့ ကားလိုင်းများ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သော်လည်း...
ဓါတ်ပုံ - (CJ) (စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုအခြေအနေများနှင့် တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီပေးမှု မှတ်တမ်းပုံ။
August 10, 2026
စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ...