ခင်ဦးတွင် ရေဘေးသင့်ကျေးရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ခင်ဦးတွင် ရေဘေးသင့်ကျေးရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာကို စစ်တပ်က ယနေ့ (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲပိုင်းတွင် ဂျက်ဖိုက်တာဖြင့် သုံးကြိမ်တိတိ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

ယနေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် စစ်တပ်၏ ဂျက်ဖိုက်တာ စစ်လေယာဉ် ရောက်ရှိလာပြီး ကျေးရွာရှိ ဈေးဆိုင်အိမ်တစ်အိမ်နှင့် နွားခြံတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒေသခံတစ်ဦးက “နွားတစ်ကောင် ထိခိုက်မှုရှိတယ်။ ပြည်သူမရှိလို့ အထိအခိုက်လည်း မရှိပါ။ ဟိုနေ့က ကွမ်း တိုင်းရွာထိပ်ချောင်းလည်း မိုးရွာလို့ ရေကြီးသေးတယ်။ ကွမ်းတိုင်းမြောက်ဘက် ပင်တင်းရေလှောင်ကန်လည်း ရေပြည့်နေလို့ ရေပိုလွှဲကနေ လွှတ်ထားရတယ်” ဟု ပြောသည်။

အဆိုပါ ကွမ်းတိုင်းကျေးရွာသည် ခင်ဦးမြို့၏ အရှေ့ဘက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိပြီး လွန်ခဲ့သည့် ရက်ပိုင်း ကလည်း မိုးဆက်တိုက် ရွာသွန်းခဲ့သဖြင့် ရွာထိပ်ချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် ကွမ်းတိုင်းကျေးရွာ မြောက်ဘက်ရှိ ပင်တင်းရေလှောင်ကန်နှင့် တောင်ဘက်ရှိ မင်းကန်ကြီး ရေလှောင် ကန်တို့တွင်လည်း ရေပြည့်မှတ် ကျော်လွန်နေသဖြင့် ရေပိုလွှဲများမှ ရေလွှတ်ပေးနေရသည်။

အလားတူ ခင်ဦးမြို့နယ် အနောက်ခြမ်း မူးမြစ်ဘေးရှိ တာတိုင်၊ ကျွန်းတောကြီး၊ မူးသာ၊ ယာတော်၊ သက်သာပန်း တောင်း (ကားဆိပ်)၊ ရွာသစ်၊ အင်းပတ်၊ ဇီးတော၊ လက်ပံကွက်နှင့် သက်ပေး အပါအဝင် ကျေးရွာပေါင်း ၁၉ ရွာ သည် ယနေ့အချိန်အထိ ရေနစ်မြှုပ်နေဆဲ ဖြစ်သည်။

ထို့ကြောင့် ဒေသခံများမှာ ရေသန့်၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေသည်။

ကူညီထောက်ပံ့မှုများ ရှိသော်လည်း ရေဘေးသင့်သူ ဦးရေ များပြားနေသဖြင့် ကျေးရွာအချို့သို့ အကူအညီများ မရောက်ရှိသေးကြောင်း ဒေသခံများက ပြောသည်။

Most read this week

မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...
ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...