နိုင်ငံတော် အတိုင်ပင်ခံနှင့် မစ္စတာ ရှောင်တာနယ်လ်တို့အမှု လျှောက်လဲချက် ကြားနာ

နိုင်ငံတော် အတိုင်ပင်ခံနှင့် မစ္စတာ ရှောင်တာနယ်လ်တို့အမှု လျှောက်လဲချက် ကြားနာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနယ်လ် တို့ကို စွပ်စွဲ ထားသည့် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၃(၁) (ဂ) အမှုကို စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက် ရှေ့နေများက မေလ ၂၆ ရက်နေ့ ရုံးချိန်းတွင် လျှောက်လဲချက် ပေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

လာမည့် ဇွန်လ ၉ ရက်နေ့ ရုံးချိန်းတွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး စွဲချက်တင် ၊ မတင် တရားသူကြီးက အမိန့်ချမှတ်မည် ဖြစ်သည်။

အဆိုပါ အမှုမှာ မစ္စတာရှောင်တာနယ်လ်၏ ကွန်ပျူတာ၊ စာရွက်စာတမ်းများတွင် တွေ့ရှိချက် များနှင့် ဆက်စပ်ပြီး ၎င်းနှင့် အတူ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ လက်ထက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကို ပူးတွဲ စွဲဆိုထားခြင်း ဖြစ်သည်။

တရားလိုမှာ တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးလွင် ဖြစ်ပြီး အမှုကို အပတ်စဉ် ကြာသပတေး နေ့တိုင်း နေပြည်တော် ကောင်စီဝန်း အတွင်းရှိ အထူး တရားရုံးတွင် စစ်ဆေးနေခြင်း ဖြစ်သည်။

မစ္စတာ ရှောင်တာနယ်လ်သည် ပုဒ်မ ၃(၁) (ဂ)အပြင် လူဝင်မှု ကြီးကြပ်ရေး ဥပဒေနှင့်ပါ တရားစွဲ ခံထားရခြင်း ဖြစ်ပြီး ယင်းအမှု နှစ်ခုလုံးကို အထူး တရားရုံးတွင် တပြိုင်တည်း စစ်ဆေးလျက် ရှိသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...