မြန်မာနိုင်ငံရဲ့လူဦးရေ၂၅သန်းဟာဆင်းရဲမွဲတေနေတယ်လို့ကုလဆို

မြန်မာနိုင်ငံရဲ့လူဦးရေ၂၅သန်းဟာဆင်းရဲမွဲတေနေတယ်လို့ကုလဆို

မြန်မာနိုင်ငံဟာ ဒီနှစ် ၂၀၂၂ ခုနှစ်အတွင်းမှာ လူဦးရေ ၂၅ သန်းဟာ ဆင်းရဲမွဲတေမှုနဲ့ ကြုံတွေ့နေရပြီး လူဦးရေ ၁၄ သန်းဟာလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတယ်လို့  ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မေလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေတိုးက ၅၄ သန်းရှိပြီး ဒီလိုဆင်းရဲမွဲတေမှုက မြန်မာနိုင်ငံရဲ့ လူဦးရေထက်ဝက်ကျော်နေတာလည်းဖြစ်ပါတယ်။

ကုလသမဂ္ဂက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ က ပြောဆိုမှုအရ ဒီနှစ်ထဲမှာ ဆင်းရဲမွဲတေမှု (၃) ဆတိုးလာနေပြီး ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုတွေက မြန်မာနိုင်ငံအတွင်း တိုးတက်မှုတွေကို ခြိမ်းခြောက်နေတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

ဒါ့အပြင် လက်ရှိမှာ မြန်မာနိုင်ငံအတွင်းက အကူအညီလိုအပ်နေသူ ၁၄ သန်းခွဲနီးပါးရှိနေပြီး အဲ့ထဲမှာမှ လူဦးရေ ၆ သန်းကို UNOCHAအနေနဲ့  လူသားချင်းစာနာမှု အစီအစဉ်နဲ့ ကူညီဖို့ပြင်ထားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ စစ်ကိုင်း ၊ မကွေး ၊ ချင်း ၊ ကရင် ၊ကရင်နီဒေသတွေကို အာဆီယံအဖွဲ့တွေက စစ်ကောင်စီထံကနေ တဆင့် ကူညီမယ့်အစီအစဉ်ကိုလည်း NUG. အပါအဝင် ရာနဲ့ချီတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကန့်ကွက်ထားကြပါတယ်။

မြန်မာနိုင်ငံက စီးပွားရေးကလည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအတွင်းမှာ -၁၈ ရာခိုင်နှုန်းကျော်ထိုးဆင်းသွားခဲ့တယ်လို့လည်း World Bank စစ်တမ်းကဖော်ပြထားပါတယ်။

အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအတွင်း စစ်ဘေးရှောင်ကလည်း ဒီလအတွင်းမှ တစ်သန်းနီးပါးရှိလာခဲ့ပြီဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလည်း ပံ့ပိုးပေးနိုင်ဖို့အတွက် စိန်ခေါ်မှု ၊ တားဆီးပိတ်ပင်မှုအခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ UNOCHA က အမြဲထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...