ထိုင်းသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများ ပါသည့်လှေ မှောက်ပြီး ၃ ဦးသေ ၆ ဦး ပျောက်နေဟုဆို

ထိုင်းသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများ ပါသည့်လှေ မှောက်ပြီး ၃ ဦးသေ ၆ ဦး ပျောက်နေဟုဆို

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများ ပါသည့် လှေသည် မေလ ၂၁ ရက်နေ့ ည ၉ နာရီတွင် မြဝတီခရိုင် ထိုင်း-မြန်မာ နယ်စပ် သောင်းရင်းမြစ်အတွင်း တိမ်းမှောက်ပြီး သုံးဦး သေဆုံးကာ ခြောက်ဦး ပျောက်ဆုံးနေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

“လှေမှာ ဘယ်နှစ်ယောက် ပါလည်း ဆိုတာ သေချာတော့ မသိသေးဘူး။ လောလောဆယ် အလောင်း သုံးလောင်း တွေ့တယ်။ အမျိုးသမီးတွေပဲ။ နောက်ထပ် ခြောက်ယောက် ပျောက်နေတယ် လို့တော့ ပြောတယ်။ သေချာတော့ မသိဘူး။ အမျိုးသမီး တစ်ယောက်တော့ ကယ်လိုက်နိုင်တယ်။ သူတို့ကူးတဲ့ နေ့က လေကြီးမိုးကြီး ကျတဲ့နေ့လေ။ ရေမတရား တက်နေတာ။ လုံးဝ မကူးသင့်ဘူး။ ပွဲစားတွေကလည်း ပိုက်ဆံရပြီးရော ဆိုတဲ့ ပုံစံတော့ မလုပ်သင့်ဘူး။ အားလုံးက အသက်နဲ့ ရင်းထားရတာလေ။ ကူးတဲ့သူတွေလည်း ဒီလို အန္တရယ် များတဲ့ အချိန်မှာတော့ မကူးသင့်ဘူးဗျ” ဟု အဆိုပါ ဒေသခံက ပြောသည်။

အလောင်းသုံးလောင်းကို ဖလူးလေး စခန်းရှိ စစ်ကောင်စီတပ်က မီးရှို့ သင်္ဂြိုဟ်ခဲ့သည်။ လှေပေါ် ပါလာသူများတွင် ပဲခူးတိုင်း သနပ်ပင်မြို့နယ် ကုလားချောင်းကျေးရွာမှ အများဆုံး ပါဝင်နေပြီး အမျိုးသား တစ်ဦးလည်း ပျောက်ဆုံးနေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် အလုပ် လုပ်ကိုင်ရန် ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသားများ ထိုင်းနိုင်ငံ နယ်စပ်တွင် နေ့စဉ်နီးပါး ဖမ်းဆီး ခံနေရပြီး ထိုင်းနိုင်ငံကို ဝင်ရောက်စဉ် လှေမှောက်ခြင်း၊ ကားမှောက်ခြင်းနှင့် ကားနောက်ခန်း အတွင်း အောက်စီဂျင် ပျက်ကာ သေဆုံးမှုများလည်း ရှိနေသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...