စစ်တပ်က တစ်ပတ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ သတ်ဖြတ်မှု (၁၄) မှုနဲ့ ကျေးရွာ မီးရှို့ဖျက်ဆီးမှု (၅၄) ခုအထိပြုလုပ်ခဲ့

စစ်တပ်က တစ်ပတ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ သတ်ဖြတ်မှု (၁၄) မှုနဲ့ ကျေးရွာ မီးရှို့ဖျက်ဆီးမှု (၅၄) ခုအထိပြုလုပ်ခဲ့

မေလ တတိယ တစ်ပတ်အတွင်း စစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်းထဲ သတ်ဖြတ်မှု ( ၁၄) မှုနဲ့ မီးရှို့ဖျက်ဆီးမှု (၅၄) ခုအထိပြုလုပ်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

မေလ ၁၅ရက်နေ့က နေ ၂၁ ရက်နေ့ အထိ စစ်ကိုင်းတိုင်းထဲက ကသာ ၊ ခင်ဦး ၊ တန့်ဆည် ၊ ကလေး ၊ ကန့်ဘလူ ၊ မြောင် ၊ ကနီ စတဲ့နယ်တွေမှာ စစ်ကောင်စီတပ်တွေက ကျူးလွန်ခဲ့တာလည်းဖြစ်တယ်လို့ဆိုပါတယ်။

မေလ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် ထီးချိုင့်မြို့နယ်အတွင်းက ကိုရင် (၂) ပျံလွန်မှု နဲ့ (၄) ပါးထိခိုက်ဒဏ်ရာရှိခဲ့တာကို ဒေသခံတွေက ပြောဆိုပေမယ့်  စစ်ကောင်စီဘက်ကတော့ PDF တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောဆိုထုတ်ပြန်ထားပါတယ်။

မီးရှို့မှုနဲ့ပတ်သက်ပြီးတော့လည်း  စစ်ကောင်စီတပ်တွေက တစ်ရက်တည်း သုံးရွာကနေ ငါးရွာအထိ မီးရှို့မှုတွေရှိခဲ့သလို  ကျေးရွာတွေကို အကြောင်းမဲ့ မီးရှို့မှုတွေက နေ့စဉ်နီးပါးဖြစ်နေတယ်လို့ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးခေါင်းဆောင် ဗိုလ်နဂါးက ဆိုပါတယ်။

နိုင်ငံတဝှမ်းအနေနဲ့ တစ်ပတ်အတွင်းမှာ မီးရှို့မှု ၊ သတ်ဖြတ်မှု နဲ့ ဖမ်းဆီးမှု (၁၁၀) အထိ ကျူးလွန်ခဲ့တာဖြစ်တယ်လို့ NUG ရဲ့ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

နေအိမ်တွေမီးရှို့ခံရမှုတွေနဲ့ ပတ်သက်ပြီး စရင်းပြုစုထားတဲ့ Data for Myanmar ရဲ့ မေလ ၁ ရက်နေ့ စာရင်းအရ စစ်ကိုင်းတိုင်းထဲမှာ နေအိမ် ၇၅၀၀ ကျော် ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...