အမဲလိုက်ထွက်ရာမှ ပြန်လာသည့် တီးတိန် ဒေသခံ ၂ ဦးကို စစ်ကောင်စီ သတ်ဖြတ်

အမဲလိုက်ထွက်ရာမှ ပြန်လာသည့် တီးတိန် ဒေသခံ ၂ ဦးကို စစ်ကောင်စီ သတ်ဖြတ်

တောတွင်းသို့ အမဲလိုက် ထွက်ရာမှ ပြန်လာသည့် ချင်းပြည်နယ် တီးတိန်မြို့နယ် ဒေသခံ အပြစ်မဲ့ ပြည်သူ နှစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်ကြောင်း မြို့ခံများထံက သိရသည်။

တီးတိန်မြို့နယ် ဆိုင်းဇန် ကျေးရွာသား အသက် ၂၉ နှစ်အရွယ် ကိုပေါင်ဇမောင် နှင့် အသက် ၂၁ နှစ် အရွယ် ကိုပေါင်ဆွင်းထန် တို့ နှစ်ဦး ဖမ်းဆီး သတ်ခံရခြင်း ဖြစ်သည်။

လူ ၁၃ ဦးပါသည့် ကိုပေါင်ဇမောင်တို့ အဖွဲ့ သည် မေလ ၁၆ ရက်နေ့တွင် တွန်းဇံမြို့နယ် မွာလ်ပီးကျေးရွာ ဘက်သို့ အမဲလိုက်ရန် ဆိုင်ကယ် ခုနစ်စီးဖြင့် သွားခဲ့ကြပြီး မေလ ၂၁ ရက်နေ့ ၃ နာရီ ခန့်တွင် ရွာသို့ ပြန်လာစဉ် တီးတိန်မြို့ စကော့လမ်း ရပ်ကွက်၌ ကိုပေါင်ဇမောင် နှင့် ကို ပေါင်ဆွင်းထန် တို့ နှစ်ဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံရသည်။

“သူတို့ နှစ်ယောက်က စကော့လမ်းရပ်ကွက် တပ်ကုန်း အနီးမှာ ရှိတဲ့ စားသောက်ဆိုင်က ပြန်လာတဲ့ စစ်သားတွေနဲ့ မျက်နှာချင်းဆိုင် တိုးသွားတာ။ အဲမှာ သူတို့နှစ်ဦးကို ဖမ်းတာဗျ။ သူတို့ရှေ့က သွားနေတဲ့ သူတွေကတော့ လွတ်သွားတယ်။ ဖမ်းဆီး ခံရတဲ့ နှစ်ယောက်မှာ တူးမီး သေနတ်တွေ လွယ်ထားတာ။ ပြီးတော့ သူတို့နဲ့ အတူ ပါလာတဲ့ ခွေးနှစ်ကောင်ကို မိုးကာ အုပ်ပြီး ဆိုင်ကယ်ပေါ် တင်ခဲ့တာ တွေ့တယ်” ဟု အမည် မဖော်လိုသူ မြို့ခံ တစ်ဦးက ပြောသည်။

အမဲ လိုက်ရာတွင် အတူ ပါဝင်သူ ၁၃ဦးမှာ အသတ် ခံရသူ နှစ်ဦး အိမ်ပြန်ရောက် မလာနိုင်၍ အသိ ဗိုလ်မှူး တစ်ဦးအား စုံစမ်းခိုင်းရာ တီးတိန်မြို့ တပ်ကုန်းမှ စစ်သားများက ဖမ်းဆီးသွားကြောင်း သိရသည်ဟု ဆိုသည်။ ထို့နောက် ၎င်းတို့နှစ်ဦးကို ကလေးမြို့သို့ ပို့ဆောင်မည်ဟု ပြောကြောင်းနှင့် အကြိမ်ပေါင်းများစွာ ထပ်မေးမှသာ အသတ်ခံရပြီး ဖြစ်ကြောင်း ပြောပြသည်ဟု သေဆုံးသူနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

သတ်ဖြတ်ခံရသူ နှစ်ဦးသည် ဆွေမျိုး တော်စပ်သူများ ဖြစ်ကြပြီး သေဆုံး ရုပ်အလောင်းများကို ပြန်မရသော်လည်း ယနေ့ မေ ၂၃ ရက်နှင့် ၂၄ရက်နေ့များတွင် ချင်းဓလေ့ ထုံးတမ်း စဉ်လာနှင့် အညီ ဈာပနအခမ်းအနား ပြုလုပ်မည်ဟု သိရသည်။

စစ်ကောင်စီ ဝါဒဖြန့် Fifty Two News ကမူ အသတ် ခံရသူ နှစ်ဦးကို ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့ဝင်များ ဖြစ်ကြောင်း စွပ်စွဲ ဝါဒဖြန့်ထားသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...