ဆိုင်ကယ်ကယ်ရီများထံမှ အခကြေးငွေယူ၍ မောင်းနှင်ခွင့်ကတ်ပြားများ ထုတ်ပေးရန် စစ်ကောင်စီတပ် စီစဉ်

ဆိုင်ကယ်ကယ်ရီများထံမှ အခကြေးငွေယူ၍ မောင်းနှင်ခွင့်ကတ်ပြားများ ထုတ်ပေးရန် စစ်ကောင်စီတပ် စီစဉ်

ရန်ကုန်တောင်ပိုင်းခရိုင် ၊ သန်လျင်မြို့နယ်တွင် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူများထံမှ အခကြေးငွေယူ၍ မောင်းနှင်ခွင့် ကတ်ပြားများ ထုတ်ပေးရန် စစ်ကောင်စီတပ်က စီစဉ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီသည် တရားဝင် ဆိုင်ကယ်စီးနင်းခွင့်ရှိသည့် သန်လျင်မြို့နယ်တွင် မေလ ၁၈ ရက်နေ့မှ စတင်၍ မေလ ၂၂ ရက်နေ့အထိ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ခဲ့သည်။ ယခုအခါဆိုင်ကယ် ကယ်ရီမောင်းနှင်သူများကိုသာ မောင်းနှင်ခွင့် ကတ်ပြားများ ထုတ်ပေးရန် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့မှ စတင် စီစဉ်နေခြင်းဖြစ်သည်။

“အိမ်စီးဆိုင်ကယ်တွေကို မေလ ၂၃ ရက်နေ့က စပြီး ပြန်စီးခွင့်ပေးမယ်၊ မပေးဘူး ဆိုတာတော့ ဘာမှမကြားသေးဘူး။ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတွေ ကိုတော့ မောင်းနှင်ခွင့် ကတ်ပြားတွေကို အခကြေးငွေယူပြီး လုပ်ပေးဖို့ စီစဉ်နေပါတယ်။ ဆိုင်ကယ်ကယ်ရီဝတ်စုံတွေလည်း ဝယ်ခိုင်းနေတယ်ကြားတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်က သန်လျင်မြို့နယ်အတွင်း ဆိုင်ကယ်စီးခွင့် ငါးရက်ပိတ်ပင်ခြင်းသည် စစ်ဆင်ရေးတစ်ခုအနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပိတ်ပင်ထားသည့်ရက်အတွင်း PDF အဖွဲ့များ ပစ်ခတ်မှုများ မရှိပါက ရက်ရှည်ပြုလုပ်သွားရန် စီစဉ်နေကြောင်းကို တပ်တွင်းသတင်းများအရ ကြားသိရသည်။

မေလ ၂၂ ရက်သည် စစ်ကောင်စီက သတ်မှတ်ထားသည့် သန်လျင်မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားသည့် နောက်ဆုံးရက်ဖြစ်ပြီး ဆိုင်ကယ် ကယ်ရီသမားများကိုသာ ရပ်ကွက်အတွင်း မောင်းနှင်ခွင့် အထောက်အထား ပြုလုပ်ခိုင်းလျက်ရှိသည်။

အိမ်စီးဆိုင်ကယ်များနှင့် အမျိုးသမီးများ ဆိုင်ကယ် စီးနင်းခွင့် ရှိ ၊မရှိ ကိုမူ လက်ရှိအချိန်အထိ မသိရှိရသေးကြောင်း ဒေသခံများထံက သိရသည်။

“ဆိုင်ကယ်စီးနင်းခွင့်ကို ဆက်လက် ပိတ်မယ်ဆိုရင်တော့ အဓိက ထိခိုက်မှာက မြို့နေလူထုတွေရဲ့ စားဝတ်နေရေး၊ စီးပွားရေးနဲ့ ကျန်းမာရေးပါ။ မနေ့ကဆို မိသားစုတစ်စုရဲ့ ကလေးငယ်တစ်ယောက် မတော်တဆ တစ်ခုကြောင့် ခေါင်းကွဲ သွားတာ ဆေးခန်းသွားဖို့ ဆိုင်ကယ်စီးနင်းလို့မရတော့ ချီပြီး သွားရတာမျိုးတွေ ရှိခဲ့တယ်” ဟု သန်လျင် ဒေသခံတစ်ဦးက ပြောသည်။

သန်လျင်မြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ထိခိုက် သေဆုံးမှုများ ရှိနေသည့် စစ်ကောင်စီတပ်သည် ပြည်သူများကို ပိုမိုတင်းကျပ်ရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလည်း ဒေသခံက ဆိုသည်။

စစ်ကောင်စီတပ်သည် သန်လျင်မြို့နယ်အတွင်း အင်အားများစွာသုံးကာ ဖိနှိပ်မှုများ လုပ်ဆောင်နေပြီး ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ခြင်း အပါအဝင် မြို့တွင်း နေရာအနှံ့အပြားတွင် စစ်ဆေးရေးဂိတ်များ ချထားကာ စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...