သီပေါမြို့နယ်အတွင်း လောင်းကစားဝိုင်းများဖွင့်လှစ်နေ

သီပေါမြို့နယ်အတွင်း လောင်းကစားဝိုင်းများဖွင့်လှစ်နေ
သီပေါ လောင်းကစား
သီပေါ လောင်းကစား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားလွယ်ကျေးရွာအတွင်း လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားပြီးသူခိုး ဓားပြ များပြားလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ သီပေါမြို့နယ်ထဲက လောင်းကစားဝိုင်းများသည် သီပေါဘော်ကြို (တပေါင်းပွဲ) မတ်လမှစတင်ပြီး လက်ရှိချိန်ထိ နေရာပြောင်းရွှေ့ပြီး လောင်းကစားများကို ဆက်တိုက် ဖွင့်လှစ်လာသည့်အတွက် ပြည်သူများ အကျင့်စာရိတ္တပျက်မည်ကို သီပေါဒေသခံ လူငယ် တစ်ဦးကပြောသည်။

“တပေါင်းပွဲကနေ စပြီး လောင်းကစားဝိုင်းက ဆက်တိုက်ဖွင့်လာတယ်။ ဘုရားပွဲ၊အလှူပွဲတွေကို အကြောင်းပြုပြီး ရွာတွေမှာ လာရောက်ဖွင့်လှစ်နေကြတယ်” ဟု သီပေါဒေသခံ လူငယ် အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လောင်းကစားဝိုင်းများ ဆက်တိုက်ဖွင့်လှစ်လာသည့်အတွက် သီပေါမြို့နယ်အတွင်း သူခိုးဓားပြများ ယခင်က ထက် ပိုမိုများပြားလာကြောင်း သီပေါဒေသခံ တစ်ဦး ကပြောသည်။

“ဒီလို လောင်းကစားဝိုင်းတွေရှိတော့ ကျနော်တို့ ကလေးတွေ အကျင့်စာရိတ္တပျက်မှာလည်း စိုးရိမ်တယ်။ သူခိုးတွေလည်း များလာတယ်။ နိုင်ငံရေးအခြေနေလည်းမကောင်း ကိုဗစ်-၁၉ ကြောင့် ရှာစားရတာက ခက်ခဲနေတော့ ဒီလို လောင်းကစားဝိုင်း ရှိတော့ အဖက်ဖက်ကနေ စိုးရိမ်နေရတယ်” ဟု သီပေါဒေသခံ အသက် (၅၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး (၁) နှစ်ကျော်ကာလအတွင်း သျှမ်းပြည်ရှိ မြို့နယ်အများစုတွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်လာခဲ့ပြီး သူခိုး၊ ဓားပြများလည်း ယခင်ကထက် ပိုမိုများပြားလာသည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...