တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာပေါင်း ၁၀ ရွာကဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာပေါင်း ၁၀ ရွာကဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ သာရဘွင်ကျေးရွာအုပ်စုနှင့် တကူ တိုက်နယ်တို့တွင် ယနေ့ မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့က ရွာပေါင်း ၁၀ ရွာ ကျော်ရှိ နေအိမ်များကို ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်ကာ မီးရှို့ ဖျက်ဆီးမှုများပြုလုပ် နေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က အင်အား အများပြားဖြင့် တကူတိုက်နှင့် သာရဘွင်ကျေးရွာတို့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးသွားပြီ ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သာရဘွင်ကျေးရွာ ဒေသခံတစ်ဦးက“ရွာလုံးကျွတ် အိမ်တွေ ပိတ်ပြေး နေရတယ်၊ စိတ်ရောဂါ သည် ကလေး တစ်ဦးကို ပစ်သတ် သွားတယ်၊ နောက်ပြီး ဘန်းပြည့်ရွာက ကရင်ဒေသခံ တစ်ဦးလည်း အသတ်ခံရတယ် ပြည်သူတွေကိုလည်း ဖမ်းဆီးခံထားရတယ်”ဟု ပြောသည်။

လက်ရှိဒေသခံ၏ သတင်းမေးမြန်းနေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ထွက်ပြေး တိမ်းရှောင် နေရသည့် ဒေသခံများ၏ နေအိမ် ငါးလုံး ထက်မနည်း မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။

ယင်းသို့ စစ်ကောင်စီတပ်ဖွဲ့က နေအိမ်များကို ဝင်ရောက် ရှာဖွေ ဖျက်ဆီးမှုများ ပြုလုပ်ပြီး နောက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့ကာ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကလည်း ပြန်လည် ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

“သာရဘွင် အရှေ့ကမ်းမှာ တိုက်ပွဲ ပြင်းထန် နေပါတယ် နောက်ပြီး တကူရွာထဲက အိမ် အချို့ကို စစ်တပ်က ဝင်ရောက် ရိုက်ဖြဲ နေပါတယ်”ဟု ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မြိတ်ခရိုင်) တပ်ရင်း -၂ ကွပ်ကဲရေးအဖွဲ့ တာဝန်ခံက ပြော သည်။

တကူတိုက်နယ်တွင် ကျေးရွာပေါင်း ၁၄ ရွာရှိကာ သာရဘွင်ကျေးရွာအုပ်စုတွင် ရွာပေါင်း ရှစ်ရွာ ရှိ သည့် အနက် လက်ရှိတွင် တိုက်ပွဲကြောင့် ရွာပေါင်း ၁၀ ရွာ နီးပါး ဘေးလွှတ်ရာ ထွက်ပြေး တိမ်းရှောင် နေရာကာ စစ်ရှောင် ဦးရေမှာမူ အတည်ပြုနိုင်ခြင်း မရှိသေးပေး။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...