ဖယ်ခုံမြို့နယ် လွယ်ပန်းစုံကျေးရွာ လက်နက်ကြီးကျ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရ

ဖယ်ခုံမြို့နယ် လွယ်ပန်းစုံကျေးရွာ လက်နက်ကြီးကျ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရ
လက်နက်ကြီးထိမှန်ပြီး ပြည်သူနေအိမ်ပျက်စီး
လက်နက်ကြီးထိမှန်ပြီး ပြည်သူနေအိမ်ပျက်စီး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပန်းစုံကျေးရွာ (ရေလယ်ကျွန်း) တွင် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်သဖြင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

မေ ၁၇ ရက် ည ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ လွယ်ပန်းစုံကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဘုန်းကြီးကျောင်းတွင်နေထိုင်သည့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖယ်ခုံမြို့နယ် PDF အဖွဲ့၀င်တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ လက်နက်ကြီးတွေနဲ့ ပစ်တာ။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ လူနေအိမ်တွေပေါ် ကျရောက်ပြီးတော့ ပေါက်ကွဲတာ။ ဘုန်းကြီးကျောင်းမှာ အိပ်နေတဲ့သူ ၂ ယောက် လက်နက်ကြီးစထိမှန်သွားခဲ့တယ်။ ဒဏ်ရာအခြေနေတော့ ဘယ်လိုရှိလဲ မသိရသေးဘူး” ဟု ၎င်း က ဆိုသည်။

ထိုလွယ်ပန်းစုံကျေးရွာသည် ရေ၏အလယ်တွင်တည်ရှိသဖြင့် ရေလယ်ကျွန်း ဟုလည်းခေါ်၀ေါ်သည့် ကျေးရွာဖြစ်သည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ဖယ်ခုံမြို့နယ် PDF တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် တစ်ချို့ဒေသမှ ထွက်ပြေးလာသည့် စစ်ရှောင်များသည် ထိုရေလယ်ကျွန်းတွင် လာရောက်နေထိုင်ခဲ့ပြီး၊ ယနေ့ မနက်ပိုင်းတွင် ထိုကျေးရွာအတွင်း လက်နက်ကြီးကျသဖြင့် စစ်ရှောင်များ တခြားနေရာသို့ထပ်မံထွက်ပြေး တိမ်းရှောင်ရကြောင်းသိရသည်။



လက်နက်ကြီးထိမှန်သူ

“အခုတော့ ရွာကလူတွေ ထွက်ပြေးသွားကြပြီ။ အဲ့ရွာက ရေအလယ်မှာရှိတာ။ ထွက်ပြေးဖို့လမ်းကလည်း ရေလမ်းတစ်လမ်းပဲရှိတာ။ အဲ့နေရာက PDF နဲ့ စစ်ကောင်စီကလည်း မရောက်ဘူး။ စစ်ကောင်စီက လက်နက်ကြီးပစ်လိုက်‌တော့ အခုတော့ပြန်ထွက်သွားပြီ။ ပြီးတော့ အဲ့နေရာမှာ တစ်ခြားဒေသကလာတဲ့ စစ်ရှောင်တွေလာနေတယ်လို့ကြားတယ်” ဟု ဖယ်ခုံမြို့ ဒေသခံ အသက် ၃၀ ဝန်းကျင်ရှိသည့် အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ မေ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီက ဆောင်နန်းခဲ ကျေးရွာတစ်ရွာလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

မေလ ၁၂ ရက်နေ့မှ စပြီး စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေယာဉ်ဖြင့် စစ်ရေးကို စစ်ဆင်နေလျက်ရှိကြောင်းသိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...