ဖယ်ခုံ- ညောင်ရွှေလမ်း ကို စစ်ကောင်စီက ပိတ်ထား

ဖယ်ခုံ- ညောင်ရွှေလမ်း ကို စစ်ကောင်စီက ပိတ်ထား

လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် သျှမ်းတောင်ဖယ်ခုံမြို့သို့ သွားမည့် ဖယ်ခုံ-ညောင်ရွှေလမ်းမကို စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပအို၀်းအမျိုးသားတပ်မတော် (PNA)တို့က ပိတ်ထားကြောင်း စုံစမ်းသိရသည်။

မေလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်ရှိ ပင်လောင်း- တောင်ကြီး-ကျောက်တလုံး-ဆိုက်ခေါက် နှင့် ဖယ်ခုံမြို့နယ်တို့ ဆက်သွယ်ထားသည့် မှော်ဘီတံတားဂိတ်ကို စစ်ကောင်စီ နှင့် PNA တို့က ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်ပါတယ်၊ အဲ့လမ်းကို မှော်ဘီတံတားကနေ စပိတ်လိုက်တာ၊ သံဆူးကာတွေနဲ့ စစ်သား အစောင့်တွေချထား တယ်၊ ဆိုင်ကယ်ဆို ဆင်းတွန်းရတယ်၊ ကားတွေတော့ အနီးနားရွာက မဟုတ်ရင် ပေးမဖြတ်ဘူး” ဟုဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မှော်ဘီတံတားမှ လမ်းကြောင်းတွေကိုပိတ်လိုက်သည့်အတွက် ဒေသတွင်းမှ ထွက်ကုန်/ ကုန်စိမ်းများ ရောင်းချနိုင်ရန်အတွက် အခက်အခဲရှိလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် တိုက်ပွဲပြင်းထန်နေသည့် ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းသို့ ဆက်သွယ်ထားသည့် ကုန်းလမ်းရေလမ်း များ အားလုံးကို စစ်ကောင်စီတို့ဘက်မှ ပိတ်ပင်တားဆီးနေခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုနေ ကြသည်။

“ဆောင်နန်းခဲကျေးရွာကို စစ်ကောင်စီနဲ့ PNA တွေ မီးရှို့တိုက်ခိုက်ခဲ့တဲ့နေ့ကစပြီး ဖယ်ခုံအရှေ့ကမ်းကို လာတဲ့ ရေကြောင်းလမ်းကို စစ်ကောင်စီတွေ ပိတ်လိုက်ပြီလေ၊ အခုလည်း ညောင်ရွှေမြို့ကနေ ဖယ်ခုံဘက်ကို လာတဲ့ ကုန်းလမ်းမှာ မှော်ဘီတံတားကနေ ပိတ်လိုက်ပြီဆိုတော့ လမ်းကြောင်းအားလုံးကို လိုက်ပိတ်နေတဲ့သဘောပဲ” ဟု အထက်ပါ ဒေသခံအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိပိတ်ထားသည့် မှော်ဘီတံတားလမ်းကို မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်မည်ကို မသိရသေးကြောင်း နှင့် အချိန်ကြာမြင့်စွာ ပိတ်ထားပါက ပြည်သူများ၏ ဒေသထွက်ကုန်စည် ဟင်းသီးဟင်းရွက်များ ရောင်းဝယ်ရေး အတွက် အခက်အခဲရှိလာနိုင်ကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

ယခုရက်သတ္တပတ်အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့် ညောင်ရွှေမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့မှ မြို့ရွာများတွင် စစ်ကောင်စီတို့ဘက်မှ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်စီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ တင့်ကားများ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ရွာသားများကို လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးခြင်းများရှိ နေကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...