ဖယ်ခုံမြို့နယ် ကျေးရွာတချို့ ဖုန်းလိုင်းပိတ်ခံရ

ဖယ်ခုံမြို့နယ် ကျေးရွာတချို့ ဖုန်းလိုင်းပိတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အတွင်းရှိ ကျေးရွာတစ်ချို့ ဖုန်းလိုင်းများ ပိတ်ထားခံရကြောင်း စုံစမ်းသိရှိရသည်။

ဖယ်ခုံမြို့တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ တိုက်ပွဲပြင်းထန်ပြီးနောက် ယခုလ ၁၃ ရက်နေ့မှ စပြီး အင်တာနက် နှင့် ဖုန်းလိုင်းများ ပိတ်ခံထားရကြောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ပြောသည်။

“ ၁၃ ရက်နေ့က စပြီးတော့ ဖုန်းလိုင်းတွေဖြတ်ခံရတာ။ ဖုန်းဆက်လို့မရဘူး ။ အိမ်မှာလည်း ဝိုင်ဖိုင်နဲ့ချိတ်ပြီးသုံးနေရတာ။ ဖုန်းခေါ်ရင်လည်း စစ်ကောင်စီက ခြေရာခံနိုင်တယ်။ ဖုန်းခေါ်လို့လည်း သိပ်အဆင်မပြေဘူး အရင်လို နေရာတကာလ ဝိုင်ဖိုင်သုံးလို့မရဘူး ” ဟု ဖယ်ခုံမြို့နယ် လွယ်ပေါ ကျေးရွာဒေသခံ တစ်ဦးက ပြောသည်။

အလားတူ ဖယ်ခုံမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း “ ဟုတ်တယ်။ တစ်ချို့နေရာက မရကြဘူး။ ကျနော်တို့နေရာတော့ ရပါတယ်။ အနောက်ဘက်ကမ်းက သိပ်မရဘူးလို့ကြားတယ်” ဟု ပြောသည်။

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့ မေလ ၁၂ ရက်မှ စပြီး တိုက်ပွဲပြင်းထန်ကာ မေ (၁၅)ရက်တွင် စစ်ကောင်စီဘက်မှ တိုက်လေယာဥ်ဖြင့် ထိုးစစ်ဆင်ခဲ့ကြောင်းသိရသည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...