တားမြစ်ချိန် ဖြတ်သန်းသွားလာသော သုံးဘီးကား ၃ စီးကို KIA မီးရှို့ဖျက်ဆီ

တားမြစ်ချိန် ဖြတ်သန်းသွားလာသော သုံးဘီးကား ၃ စီးကို KIA မီးရှို့ဖျက်ဆီ

ကချင်ပြည်နယ် တနိုင်းမြို့နယ် တခက်ကျေးရွာတွင် ကန့်သတ်အချိန် ကျော်လွန်ပြီး မောင်းနင်းလာသော သုံးဘီးကား ၃ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့က ယမန်နေ့ည ၈ နာရီဝန်းကျင်ခန့်တွင် မီးရှို့ ဖျက်ဆီးပေးလိုက်ကြောင်း သတင်းရရှိပါသည်။

အဆိုပါ သုံးဘီးကား ၃ စီးသည် တနိုင်းမြို့ဘက်မှ ရှင်ဗွေယန်ဘက်သို့ ည ၈ နာရီခွဲဝန်းကျင်ခန့်တွင် မောင်းနင်းလာခဲ့ရာ တခက် နှင့် ခလုန်းကျေးရွာ ၂ခုကြားတွင် မီးရှို့ဖျက်ဆီးပေးလိုက်ခြင်းဖြစ်သည်ဟု ထိုဒေသရှိ KIA ဘက်မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။

“ညတွင်းသတ်မှတ်ထားတဲ့ အချိန်ကျော်လွန်ပြီး သွားလာတာတွေမလုပ်ကြဖို့ ပြောဆိုတာတွေ၊ နောက် သတိပေးထုတ်ပြန်ထားတာ အကြိမ်ကြိမ်ရှိပြီဖြစ်တယ်။ အခုမီးရှို့ခံရတဲ့ ပိုင်ရှင်ကလည်း စည်းကမ်းဖောက်ပြီး သွားလာနေတာကြာပြီ။ အဲ့ကြောင့် ထပ်မံသတိပေးတဲ့အနေနဲ့ မီးရှို့ပေးလိုက်တယ်” ဟု ပြောဆိုသည်။

အဆိုပါ မီးရှို့ခံရသည့် သုံးဘီးကား ၃ စီးပေါ်တွင် ကျွဲ ၈ ကောင်နှင့် နွားတစ်ကောင် စုစုပေါင်း ၈ကောင် သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ပိုင်ရှင်မှာ ရှင်ဗွေယန်မြို့တွင် အမဲခုံဖွင့်လှစ်ထားသူဖြစ်သည်ဟု ဆိုသည်။ ထို့နောက် ကျွဲ ၈ကောင်အပါ ပိုင်ရှင်ကို ဝန်ခံချက်ဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

KIA အနေဖြင့် ပြီးခဲ့သော ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ တနိုင်း-ရှင်ဗွေယန်သွားလမ်းမကြီးတစ်လျှောက်ပေါ်တွင် ည ၆ နာရီမှ နံနက်ပိုင်း ၆နာရီအထိ ကုန်တင်ကားများနှင့် အများပြည်သူများ သွားလာခြင်း မပြုကြရန် ထုတ်ပြန် ကြေညာထားခဲ့သည်။

ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...
မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...