ရွာငံမြို့နယ် ပြည်သူ ၁၀ ဦးကို စစ်ကောင်စီမှ သတ်ဖြတ်ခဲ့ကြောင်း SHRF ကထုတ်ပြန်

ရွာငံမြို့နယ် ပြည်သူ ၁၀ ဦးကို စစ်ကောင်စီမှ သတ်ဖြတ်ခဲ့ကြောင်း SHRF ကထုတ်ပြန်
စစ်ကောင်စီမှ ပြည်သူ့နေထိုင်များ မီးရှို့ဖျက်ဆီး
စစ်ကောင်စီမှ ပြည်သူ့နေထိုင်များ မီးရှို့ဖျက်ဆီး

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း ဖေဖော်ဝါရီ မှ ဧပြီလအထိ စစ်ကောင်စီမှ ပြည်သူ ၁၀ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ထုတ်ပြန်ခဲ့သည်။

ရွာငံမြို့နယ်တွင် စစ်ကောင်စီမှ ပြည်သူ (၁၀) ဦးကိုသတ်ဖြတ်ခဲ့ကြောင်း၊ နေအိမ် (၁၃) လုံးကို မီးရှို့ဖျက်ဆီးပြီး၊ ဒေသခံ ပြည်သူ (၂၅) ဦးကို ဖမ်းဆီးထားကြောင်း SHRF က ယနေ့ (မေ ၁၁) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

“ ကျနော်တို့ ဒီစာကိုထုတ်ပြန်ရတဲ့ အကြောင်းရင်းက ဒီစစ်အာဏာသိမ်းတစ်နှစ်ကြာ ပြီးနောက်ပြည်သူတွေ အပေါ်လုပ်ရပ်က လူ့အခွင့်ရေးတွေကိုပဲ ချိုးဖောက်နေတာမဟုတ်ဘူး။ သူက အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်နေတယ်။ ပြည်သူတွေ ကို ကာကွယ်ရမဲ့ အစား အခုက ပြည်သူ့ရန်သူကြီးဖြစ်နေတာ၊ ဒီလုပ်ရပ်ကို ကျနော်တို့ ကန့်ကွက်ပါတယ်။ ဒါကြောင့် စာကိုထုတ်ပြန်ရတာပါ” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF စိုင်းဟော်ရှဲန်က ပြောပါသည်။

ထိုအပြင် လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကရင်နီပြည်နယ်မှ အလုပ်သွားလုပ်ပြီး ပြန်လာသည့် မောင်ဇင်မင်းခိုင် (၂၁) နှစ်ကို ရွာငံမြို့နယ် နဘန်းကြီးကျေးရွာ လမ်းတဝက်တွင် စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်ပြီးနောက် မောင်ဇင်မင်းခိုင် ရုပ်အလောင်းကို ကလော‌ဆေးရုံသို့ယူဆောင်သွားပြီး ၎င်း၏မိသားစုဝင်ကို အကြောင်းမကြားပဲ သဂြိုလ်ခဲ့သည်။

အဆိုပါ စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ရွာငံမြို့နယ် နဘန်းကြီး ၊ လွှစင်၊ လယ်ကိုင်း နှင့် ပဲရင်းတောင်ကျေးရွာ များမှ ဒေသခံ ပြည်သူ ၈၀၀ ကျော်သည် နေအိမ်များကို စွန့်ခွာကာ ကျေးရွာအနီးရှိ တောတောင်များအတွင်း‌ ရှောင်တိမ်း နေထိုင်ရကြောင်း သိရသည်။

မတ်လအတွင်းတွင် စစ်ကောင်စီက ပြည်သူ (၃) ဦးကို ဖမ်းဆီးခဲ့ပြီး နေအိမ် (၅) လုံးကို ပစ္စည်းဝင်လုပြီး ဖျက်ဆီးခဲ့ကြောင်း၊ ဧပြီလအတွင်းတွင် ပြည်သူ (၇) ဦးကို ဖမ်းဆီးခဲ့ပြီး နေအိမ် (၈) လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...