စစ်ရှောင်ပြည်သူများ ဝမ်းစာအတွက် မြေငှားရမ်းစိုက်ပျိုးနေကြ

စစ်ရှောင်ပြည်သူများ ဝမ်းစာအတွက် မြေငှားရမ်းစိုက်ပျိုးနေကြ

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှ စစ်ဘေးရှောင်ပြည်သူများ မိမိသွားရောက်ခိုလှုံတဲ့ ဒေသတွေမှာ ဝမ်းစာအတွက် စားသုံးဖို့ ရရှိအောင် မြေငှားပြီး စိုက်ပျိုးသူတွေ ရှိသလို တချို့မှာလည်း မြေငှားခ ပေးစရာမလိုဘဲ အခမဲ့ စိုက်ပျိုးခွင့် ရတာတွေရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“စစ်ရှောင်တွေက ခြံတွေမရှိဘူးလေ။ ပြီးတော့ စိုက်ပျိုးရေးမှာ သုံးဖို့ စက်၊ ပေါက်ပြား၊ဓား စတာတွေလဲ တချို့တွေမှာပဲရှိတယ်။ နောက်နှစ်စာအတွက် နဲနဲပါးပါး စားရဖို့အတွက် ကျနော်တို့ အခုကတည်းက ဒီဒေသခံအချို့မှာရှိတဲ့ တောင်ယာတွေကို ကိုယ်နိုင်သလောက် ရသလောက် နဲနဲပါးပါး ခွဲလုပ်ကြတာပေါ့။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြေငှားရမ်းစိုက်ပျိုးရသူတွေအနေနဲ့ သီးနှံအောင်မြင်ဖြစ်ထွန်းတဲ့အခါ မြေပိုင်ရှင်တွေကို သီးနှံတချို့ ပြန်ပေးရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စိုက်ပျိုးရေးအတွက် အဓိကလိုအပ်တဲ့ မြေဩဇာ၊ ဒီဇယ်၊ မျိုးစေ့၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး စတာတွေက စျေးအဆမတန် ထိုးတက်သွားတဲ့အတွက် စစ်ရှောင်ပြည်သူတွေ အခက်အခဲတွေ များစွာရှိနေတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်ရဲ့ လူဦးရေထက်ဝက်ကျော်ဟာ စိုက်ပျိုးရေးကိုသာ အဓိက အားထားပြီး အသက်မွေးဝမ်းကြောင်း ပြုကြရပါတယ်။ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကြောင့် စစ်ဘေးရှောင်တချို့ဟာ စိုက်ပျိုးပြီး သီးနှံတွေကို မရိတ်သိမ်းနိုင်ခဲ့သလို တချို့မှာ လယ်ယာထဲ လက်နက်ကြီးများ ကျရောက်ပြီး မစိုက်ပျိုးနိုင်တာတွေ ဖြစ်ခဲ့ရပါတယ်။

ကရင်နီပြည်သူတွေရဲ့ နေအိမ်၊ စပါးကျီတွေကို စစ်ကောင်စီမှ တမင်မီးရှို့ဖျက်ဆီးတာတွေ ရှိသလို လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေကြောင့် ထိခိုက်ပျက်စီးသွားတာတွေလည်း အမြောက်အများရှိနေပါတယ်။

Most read this week

ဓာတ်ပုံ - ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC)
August 11, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာတွင် ဒေသခံများနှင့် စစ်ဘေးရှောင်များ...
August 10, 2026
ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ၁၉၄၈ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ စစ်အာဏာရှင်စနစ်ကို တော်လှန်...
August 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေလကြိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အရေပြား...
August 8, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်...