ငြိမ်းချမ်းရေးဆွေးနွေးပွဲ သျှမ်းတပ်နှစ်ဖွဲ့ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့တက်မည်

ငြိမ်းချမ်းရေးဆွေးနွေးပွဲ သျှမ်းတပ်နှစ်ဖွဲ့ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့တက်မည်

အာဏာသိမ်းစစ်ကောင်စီမှ ဦးစီးပြီး ပြုလုပ်မည့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို သျှမ်းတပ်မတော် နှစ်ဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ စုစုပေါင်း ၉ ဖွဲ့တက်ရောက်မည်ဟု စုံစမ်းသိရသည်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဟု အကြောင်းပြကာ ပြုလုပ်မည့် အဆိုပါ စစ်ကောင်စီ၏ ဖိတ်ခေါ်ဆွေးနွေးမှု တွင် စစ်ရေးပဠိပက္ခရှိနေသည့် သျှမ်းတပ်မတော်နှစ်ဖွဲ့(SSA) လည်း တက်ရောက်မည်ဟု စစ်ကောင်စီဘက် တာဝန်ရှိသူများက မီဒီယာများထံဖြေဆိုထားသည်ကို တွေ့ရသည်။

သို့သော်လည်း သျှမ်းတပ်နှစ်ဖွဲ့နှင့် နီးစပ်သည့် နိုင်ငံရေးလောကမှ တာဝန်ရှိသူ တစ်ဦး ပြောကြားချက်အရ စစ်ကောင်စီ၏ ဆွေးနွေးပွဲကို SSA တပ်ဖွဲ့၏ထိပ်တန်းတာဝန်ရှိသူများမှ တက်ရောက်မည် မဟုတ်ကြောင်း သျှမ်းသံတောဆင့်ကို ပြောသည်။

“တက်မှာတော့ သျှမ်းတပ်နှစ်ဖွဲ့လုံးက တက်မှာပါ၊ RCSS/SSA က NCA လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့အစည်းတွေနဲ့ တက်မယ်၊ SSPP/SSA ကလည်း တပ်ဖွဲ့ထိပ်တန်းခေါင်းဆောင်ထဲကမဟုတ်တဲ့ အရာရှိတစ်ဦးကို ကိုယ်စားလှယ် လွှတ်ပြီး တက်မယ်လို့ သိရပါတယ်” ဟု ၎င်းပြောသည်။

စစ်ကောင်စီဆွေးနွေးပွဲတက်မည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲ ရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့များအနေဖြင့် ခြောက်ဖွဲ့ရှိပြီး လက်မှတ်မထိုး သည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက ၃ ဖွဲ့ပါ ရှိကြောင်းလည်းသိရသည်။

“ NCA ထိုးပြီးသားတွေထဲက ဆိုရင် DKBA၊ KNU(KNLA)PC၊ MNSP၊ RCSS(SSA)၊ ALP၊ PNLO တို့က တက်မယ်တဲ့၊ လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့ကတော့ UWSA အဖွဲ့၊ မိုင်းလားအဖွဲ့ NDAA နဲ့ သျှမ်းထဲက SSPP/SSA ဖြစ်မယ်လို့ ကြားထားတယ်” ဟုလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှုကို KNU၊ KIA ၊ ABSDF စသည့် လက်နက်ကိုင်တပ်ဖွဲ့များက ငြင်းပယ်ပြီး တက်ရောက်မည် မဟုတ်ကြောင်းလည်း အသီးသီး ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံမည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နေပြည်တော်သို့ သွားရောက်ရ မည်ဖြစ်ပြီး တွေ့ဆုံမည့်နေ့ရက်ကိုတော့ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါ။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...