ရွာငံ နဘန်းကြီးဒေသခံများ စစ်ကောင်စီဖမ်းဆီးပြီး ငွေကြေးအဆမတန်တောင်း

ရွာငံ နဘန်းကြီးဒေသခံများ စစ်ကောင်စီဖမ်းဆီးပြီး ငွေကြေးအဆမတန်တောင်း

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နဘန်းကြီးကျေးရွာတွင် စစ်ကောင်စီက ဒေသခံများကို ဖမ်းဆီးပြီး ငွေကြေးအဆမတန်တောင်းခံနေလျက်ရှိကြောင်းစုံစမ်းသိရှိရသည်။

ရွာငံစစ်ကောင်စီ မှ အပြစ်မဲ့ပြည်သူများဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာငံမြို့နယ် ရဲစခန်းသို့ ချုပ်နှောင်ကာ ငွေကြေးအဆမတန်တောင်းယူနေကြောင်း ငွေကြေးချမ်းသာသည့် မိသားစုဝင်ကို စစ်ကောင်စီက ပစ်မှတ်ထားပြီး ဖမ်းဆီးလျက်ရှိကြောင်းသိရသည်။

“ နဘန်းကြီးရွာဘက်မှ ငွေကြေးချမ်းသာတဲ့မိသားစုတွေကို အဓိကပစ်မှတ်ထားပြီး ဖမ်းနေကြတာပါ။ ရွာငံမြို့မရဲစခန်းမှာ အပြစ်မရှိတဲ့ ရွာသားတွေကို ဖမ်းပြီး ငွေကြေးအဆမတန်တောင်းခံနေတာတွေရှိတယ်။ ဆိုင်ကယ်ဝပ်ရှော့က အကိုတစ်ယောက် PDF ကိုထောက်ပံ့တယ်ဆိုပြီးတော့ ငွေကြေး သိန်း၈၀ ထောင်းထားတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီတို့ ဖမ်းဆီးမှုကြောင့် ဒေသခံများက တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး၊ လူနေအိမ်မရှိသည့် အိမ်များကို မီးရှို့ဖျက်ဆီးပစ်မည်ဟုလည်း စစ်ကောင်စီ က ခြိမ်းခြောက်ပြောဆိုထားကြောင်းသိရသည်။  

“ အိမ်တွေကိုဝင်မွှေတယ်။ လူမတွေ့ရင် အဖမ်းမခံရရင်တော့ သူတို့ အိမ်ကို မီးရှို့မယ်ဆိုပြီး သတိပေးစာတွေလည်း ကပ်ထားတယ်။ ဒေသခံတွေကတော့ နေ့လည်ခင်းခဏလောက်ပဲအိမ်ပြန်ကြတယ်။ ညဆိုရင်တော့ အိမ်ပြန်အိပ်တယ်။ စားသောက်ဖို့ဆိုရင်တော့ နေခင်းကျရင် အိမ်မှာပြန်စားကြတာ” ဟု အထက်ပါ‌ ဒေသခံက ပြောသည်။

ထိုအပြင် ပြည်သူများက တောင်ယာကို မလုပ်ကိုင်ရသောကြောင့် စားဝတ်နေရေးခက်ခဲနေကြောင်း  ရေရှည်အတွက်လည်း ပြည်သူများက စိုးရိမ်နေလျက်ရှိကြောင်းသိရသည်။

“ သယ်သူမှ တောင်ယာလုပ်ငန်းမလုပ်ရဘူး။ ရေရှည်ဆိုရင်တော့ အခက်ခဲအများကြီး ရှိတယ်။ အလုပ်ကမရှိ၊ ဝင်ငွေက မရှိတော့ ရှိတာကိုပဲ ထုခွဲပြီးစားသောက်နေကြရတယ်။ အခုနိုင်ငံရေးနဲ့ ကုန်ဈေးနှုန်းကလည်းမြင့်တက်နေတာကြောင့် တောင်သူတွေက ထွက်ကုန်မရှိသလောက်ဖြစ်နေတယ်။ နောက်ထပ် ၃ လလောက်ဆိုရင် စားဖို့ကတော့ တော်တော်လေး ခက်ခဲသွားနိုင်တယ်” ဟု ဒေခသံတစ်ဦးက ပြောသည်။

မေလ ၉ ရက်နေ့တွင်လည်း စစ်ကောင်စီက နဘန်းကြီး ရွာထဲဝင်လာပြီး သေနတ်ပစ်ဖောက်ခဲ့ကြောင်းသိရသည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...