ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း စစ်ရှောင်တစ်နေရာမှာ သောက်သုံးရေမသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း စစ်ရှောင်တစ်နေရာမှာ သောက်သုံးရေမသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း စစ်ရှောင်တစ်နေရာမှာ မိုးရွာသွန်းပြီး သောက်သုံးရေ မသန့်ရှင်းတဲ့အတွက် ကလေးငယ် နဲ့ သက်ကြီးပိုင်းတွေမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေကြတယ်လို့ စစ်ရှောင်တစ်ဦးထံမှ သိရပါတယ်။

“ မိုးများလာတော့ အရင်နေရာမှာ အဆင်မပြေတော့လို့ နေရာအသစ်ပြောင်းရတယ်။ နေရာရွှေ့ပြောင်း တဲ့အခါမှာ မိုးရွာတော့ အဆင်မပြေဘူး။ မိုးရွာတော့ ချောင်းရေတွေ မသန့်တော့ဘူးလေ။ အဲဒါကြောင့် ကလေးငယ်နဲ့ သက်ကြီးပိုင်းတွေမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေကြတယ်။ တစ်ချို့ဆို တစ်ပတ်လောက် ဝမ်းလျှောနေကြတာ မသက်သာနိုင်သေးဘူး။ သွေးဝမ်းသွားတဲ့ အထိဖြစ်ကြတယ်” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်လူဦးရေရဲ့ ထက်ဝက်လောက်ဟာ တိုက်ပွဲကြောင့် တောတောင်ထဲ စစ်ရှောင်နေကြရတာဖြစ်ပြီး လက်ရှိမှာ မိုးရွာသွန်းမှုကြောင့် စစ်ဘေးရှောင်နေရာ တစ်ချို့တွေမှာ နေထိုင်စားသောက်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

စစ်ရေးအခြေအနေကြောင့် သွားလာရခက်ခဲတာတွေရှိပြီး စစ်ရှောင်တွေအတွက် ဆေးဝါးလိုအပ်တာတွေလည်း ရှိနေပါတယ်။ မိုးရွာသွန်းမှု ၊ လေပြင်းတိုက်ခိုက်မှု ကြောင့် စစ်ရှောင်စခန်းတချို့တွေမှာ မိုးကာလိုအပ်တာတွေလည်း ရှိနေပါတယ်။

ကရင်နီပြည်မှာဆိုရင် စစ်ရှောင် နှစ်သိန်း နီးပါးရှိနေတာဖြစ်ပြီး ဖရူဆို မြို့နယ် အနောက်ဖက်ခြမ်းမှာဆိုရင် စစ်ရှောင်နေတဲ့ လူဦးရေ ၆ထောင်ကျော် ၇ထောင်နီးပါးရှိနေပါတယ်။

ဓာတ်ပုံ - ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC)
August 11, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာတွင် ဒေသခံများနှင့် စစ်ဘေးရှောင်များ...
August 10, 2026
ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ၁၉၄၈ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ စစ်အာဏာရှင်စနစ်ကို တော်လှန်...
August 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေလကြိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အရေပြား...
August 8, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်...