ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း စစ်ရှောင်တစ်နေရာမှာ သောက်သုံးရေမသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း စစ်ရှောင်တစ်နေရာမှာ သောက်သုံးရေမသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း စစ်ရှောင်တစ်နေရာမှာ မိုးရွာသွန်းပြီး သောက်သုံးရေ မသန့်ရှင်းတဲ့အတွက် ကလေးငယ် နဲ့ သက်ကြီးပိုင်းတွေမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေကြတယ်လို့ စစ်ရှောင်တစ်ဦးထံမှ သိရပါတယ်။

“ မိုးများလာတော့ အရင်နေရာမှာ အဆင်မပြေတော့လို့ နေရာအသစ်ပြောင်းရတယ်။ နေရာရွှေ့ပြောင်း တဲ့အခါမှာ မိုးရွာတော့ အဆင်မပြေဘူး။ မိုးရွာတော့ ချောင်းရေတွေ မသန့်တော့ဘူးလေ။ အဲဒါကြောင့် ကလေးငယ်နဲ့ သက်ကြီးပိုင်းတွေမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေကြတယ်။ တစ်ချို့ဆို တစ်ပတ်လောက် ဝမ်းလျှောနေကြတာ မသက်သာနိုင်သေးဘူး။ သွေးဝမ်းသွားတဲ့ အထိဖြစ်ကြတယ်” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်လူဦးရေရဲ့ ထက်ဝက်လောက်ဟာ တိုက်ပွဲကြောင့် တောတောင်ထဲ စစ်ရှောင်နေကြရတာဖြစ်ပြီး လက်ရှိမှာ မိုးရွာသွန်းမှုကြောင့် စစ်ဘေးရှောင်နေရာ တစ်ချို့တွေမှာ နေထိုင်စားသောက်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

စစ်ရေးအခြေအနေကြောင့် သွားလာရခက်ခဲတာတွေရှိပြီး စစ်ရှောင်တွေအတွက် ဆေးဝါးလိုအပ်တာတွေလည်း ရှိနေပါတယ်။ မိုးရွာသွန်းမှု ၊ လေပြင်းတိုက်ခိုက်မှု ကြောင့် စစ်ရှောင်စခန်းတချို့တွေမှာ မိုးကာလိုအပ်တာတွေလည်း ရှိနေပါတယ်။

ကရင်နီပြည်မှာဆိုရင် စစ်ရှောင် နှစ်သိန်း နီးပါးရှိနေတာဖြစ်ပြီး ဖရူဆို မြို့နယ် အနောက်ဖက်ခြမ်းမှာဆိုရင် စစ်ရှောင်နေတဲ့ လူဦးရေ ၆ထောင်ကျော် ၇ထောင်နီးပါးရှိနေပါတယ်။

Most read this week

December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...