သီပေါ အမျိုးသမီးအပါအဝင် ပြည်သူ ၄ ဦးဖမ်းခံရ၊ အမျိုးသားလူငယ်တစ်ဦးကို အလိုရှိကြောင်း ရဲစခန်းအနီး ဗွီနိုင်းချိတ်ထား

သီပေါ အမျိုးသမီးအပါအဝင် ပြည်သူ ၄ ဦးဖမ်းခံရ၊ အမျိုးသားလူငယ်တစ်ဦးကို အလိုရှိကြောင်း ရဲစခန်းအနီး ဗွီနိုင်းချိတ်ထား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦး ဖမ်းဆီးခံရပြီး နောက်ထပ်အမျိုးသားလူငယ်တစ်ဦးကိုလည်း အလိုရှိနေကြောင်း သီပေါမြို့မှ ရဲစခန်းအနီးတွင် ဗွီနိုင်းဖြင့် ချိတ်ထားကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် မေလ ၄ ရက် တွင် သီပေါမြို့ အနောက်ဘက် ရပ်ကွက်အတွင်းမှ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား ၃ ဦးကို ထွေအုပ်ရုံးမှ ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။

“သူတို့ကို ည ၁၀ နာရီကျော်လောက်လာဖမ်းသွားတာပါ၊ အုပ်ချုပ်ရေးမှူးရော ရဲတွေရောပါတယ်၊ တိုင်ကြားတဲ့ သူရှိလို့ စခန်းကို လိုက်ခဲ့ပါ ဆိုပြီး ဖမ်းသွားတာ၊ ဘာအကြောင်းလဲဆိုတာတော့ မသိရသေးဘူး” ဟု သီပေါမြို့ဒေသခံအမျိုးသမီးလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူများ အားလုံးသည် သာမာန်ပြည်သူများသာ ဖြစ်ကြပြီး ၎င်းတို့ကို နေရပ်လိပ်စာနှင့် တကွ ရဲတပ်ဖွဲ့တို့က လာရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။“လိပ်စာအတိအကျနဲ့ လာဖမ်းသွားတာ။ တိုင်ကြားသူရှိလို့ တာဝန်အရ လာခေါ်တာပါတဲ့ ကျန်တာတော့ မသိရဘူး၊ အခုအဖမ်းခံရတဲ့သူတွေကလည်း နိုင်ငံရေးနဲ့ ပတ်သက်တာတွေ လုပ်တာမကြားမိဘူး” ဟု ၎င်းကပြောသည်။

လက်ရှိ ဖမ်းဆီးခံသွားရသူများသည် မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရကြောင်းကို မသိရသလို မည်သည့်နေရာတွင် ဖမ်းဆီးခံထားရကြောင်းလည်း မသိရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် သီပေါမြို့ မြို့မ ရဲစခန်း ဂိတ်ပေါက်ဝတွင်လည်း အမျိုးသားလူငယ်တစ်ဦးကို အလိုရှိနေကြောင်း နှင့် တွေ့ရှိပါက အကြောင်းကြားပါရန် ဗွီနိုင်းဖြင့် ချိတ်ဆွဲထားကြောင်းလည်း လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးတွင် တရားဥပဒေ စိုးမိုးမှုများ ကင်းမဲ့လာသည့်အပြင် အကြောင်းရင်းမရှိ ဖမ်းဆီးခံရသည့် လူငယ်များနှင့် ပြည်သူများစွာလည်း အဆက်အသွယ်မရပဲ ပျောက်ဆုံးနေကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...