ကျိုင်းတုံမြို့ ဒေသခံများ ကိုဗစ်- ၁၉ ဂရုမစိုက် နေထိုင် သွားလာ

ကျိုင်းတုံမြို့ ဒေသခံများ ကိုဗစ်- ၁၉ ဂရုမစိုက် နေထိုင် သွားလာ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်း ဒေသခံများ ကိုဗစ်- ၁၉ ပိုးကူးစက်မှု မရှိတော့ကြောင်းဟု ယူဆကာ ပေါ့ဆစွာ နေထိုင်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ယခုလအတွင်းမှ စပြီး ကျိုင်းတုံမြို့တွင် ကိုဗစ် -၁၉ ပိုးတွေ့လူနာမရှိတော့ကြောင်း ဒေသခံများက ပေါ့ဆစွာသွားလာ နေထိုင်လျက်ရှိကြောင်းသိရသည်။

“ဒီကျိုင်းတုံမြို့က ပြောလို့ဆိုလို့မရတော့ဘူး။ ဒီကိုဗစ်- ၁၉ ပိုးက မရှိတော့ဘူးလို့တောင် ပြောနေသေးတယ်။ အခုချိန်တွေမှာတောင် ပွဲတွေလုပ်ပြီး လူတွေစည်းကားနေပါတယ် ။ ကျနော်တို့မြို့ဒေသခံတွေက ကိုဗစ် ၁၉ ပိုးမရှိတော့သလို နေထိုင်သွားကြတယ်” ဟု ကျိုင်းတုံမြို့ ဒေသခံ တစ်ဦးက ပြောသည်။

ထိုအပြင် အပြင်သွားလာမှု၊ ပွဲလမ်းသဘင်များတွင်လည်း ဒေသခံများက (mask) နှာခေါင်းစည်း မတပ်တော့ပဲ ပေါ့စွာ သွားလာနေလျက်ရှိကြောင်းသိရသည်။

“ အခု ပွဲတွေ၊ မင်္ဂလာဆောင်ပွဲတွေ သွားတာတောင်မှ Mask တွေ မတပ်တော့ဘူး။ တပ်တဲ့သူကလည်း ၅ ယောက် ၆ ယောက်လောက်ပဲရှိတော့တယ်။ စိတ်ပူရတယ်။ ရောဂါက ပျောက်သွားတာမဟုတ်ဘူး။ ရှိနေသေးတယ်။ ဒါကြောင့်ပြည်သူတွေက ဂရုစိုက်ပြီး သွားလာနေထိုင်သင့်သေးတယ်” ဟု အထက်ပါ ဒေသခံ က ပြောသည်။

၂၀၂၁ ဇွန်လမှ စပြီး ယခု မေလ ၄ ရက်နေ့ထိ ကျိုင်းတုံမြို့တွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၆၂၀၀ ကျော်ရှိပြီး သေဆုံးသူ ၉၀ ရှိကြောင်း ဒေသတွင်း သတင်းဌာနက ထုတ်ဖော်ထားသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...