KIA တပ်ရင်း ၆ ကံဆီး (Ginsi) ဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်နေ

KIA တပ်ရင်း ၆ ကံဆီး (Ginsi) ဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်နေ

ဖားကန့်မြို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ တပ်ရင်း ၆ နယ်မြေဘက်သို့ စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်း လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်

"လက်နက်ကြီးသံကတော့ ဟုတ်တယ် တော်တော်များမယ်ဗျ။ ငါးချက်ခြောက် ချက်လောက်ပစ်တယ်။ မနက်ခြောက် နာရီခွဲ လောက်ကပစ်တာ"ဟု ဖားကန့်မြို့နေအမျိုးသားတစ်ဦးကပြောသည်။

KIA တပ်မဟာ ၉ သည် ဖားကန့်မြို့နယ် ကံဆီး (Ginsi) ကျေးရွာဘက်တွင်တည်ရှိသည်။

ယနေ့ နံနက်ပိုင်းတွင် ဖားကန့်မြို့ နှင့် နန့်ရင်းကြားရှိ ကျောက်ဖျာနေရာတွင် KIA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပြီး ယင်းတိုက်ပွဲကြောင့် ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဆက်ပြောသည်။

ကျောက်ဖျာတွင် စစ်ကောင်စီတပ် နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခြင်းရှိ မရှိကို KNG က ဆက်လက် အတည်ပြုနေဆဲ ဖြစ်သည်။

အလားတူ ယနေ့ နံနက်ပိုင်းက အင်းတော်ကြီး ချောင်းဝပြည်သူ့စစ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်တို့က သွားရောက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...