KIA တပ်ရင်း ၆ ကံဆီး (Ginsi) ဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်နေ

KIA တပ်ရင်း ၆ ကံဆီး (Ginsi) ဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်နေ

ဖားကန့်မြို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ တပ်ရင်း ၆ နယ်မြေဘက်သို့ စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်း လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်

"လက်နက်ကြီးသံကတော့ ဟုတ်တယ် တော်တော်များမယ်ဗျ။ ငါးချက်ခြောက် ချက်လောက်ပစ်တယ်။ မနက်ခြောက် နာရီခွဲ လောက်ကပစ်တာ"ဟု ဖားကန့်မြို့နေအမျိုးသားတစ်ဦးကပြောသည်။

KIA တပ်မဟာ ၉ သည် ဖားကန့်မြို့နယ် ကံဆီး (Ginsi) ကျေးရွာဘက်တွင်တည်ရှိသည်။

ယနေ့ နံနက်ပိုင်းတွင် ဖားကန့်မြို့ နှင့် နန့်ရင်းကြားရှိ ကျောက်ဖျာနေရာတွင် KIA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပြီး ယင်းတိုက်ပွဲကြောင့် ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဆက်ပြောသည်။

ကျောက်ဖျာတွင် စစ်ကောင်စီတပ် နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခြင်းရှိ မရှိကို KNG က ဆက်လက် အတည်ပြုနေဆဲ ဖြစ်သည်။

အလားတူ ယနေ့ နံနက်ပိုင်းက အင်းတော်ကြီး ချောင်းဝပြည်သူ့စစ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်တို့က သွားရောက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...
မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...