ဓာတ်အားလိုင်းပြင်ဆင်ဖို့ သွားတဲ့စစ်ကောင်စီတပ်မှူး နှစ်ဦးနဲ့ EPC ဝန်ထမ်း ၂၆ ဦး ကို KNDF ဖမ်းဆီးထား

ဓာတ်အားလိုင်းပြင်ဆင်ဖို့ သွားတဲ့စစ်ကောင်စီတပ်မှူး နှစ်ဦးနဲ့ EPC ဝန်ထမ်း ၂၆ ဦး ကို KNDF ဖမ်းဆီးထား

ကရင်နီပြည်ကို လောပိတ-ရွှေမြို့ မဟာဓာတ်အားလိုင်းကို ပြင်ဆင်ဖို့ သွားတဲ့ စစ်ကောင်စီတပ်မှူးနှစ်ဦးနဲ့ EPC ဝန်းထမ်း ၂၆ဦးကို ဖမ်းဆီးထားတယ်လို့ KNDF က ဒီကနေ့ ဧပြီလ ၂၆ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးထားသူတွေကို KSP ထံလွဲပြောင်းပေးပြီး အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့  အရေးယူဆောင်ရွက်မှုပြုလုပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဧပြီလ ၂၁ရက်နေ့မှာ ဖမ်းဆီးထားတာဖြစ်ပြီး  လူ့ဂုဏ်သိက္ခာ နဲ့ အညီ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တဲ့အတွက် သူတို့နဲ့ ဆက်စပ်တဲ့ ဆွေမျိုးသားချင်းတွေကို စိုးရိမ်ပူပန်ခြင်းမရှိဖို့ KNDF ကထုတ်ပြန်ထားပါတယ်။

လွိုင်ကော်-ဖယ်ခုံလမ်းမအနီးမှာ တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ ဓာတ်အားလိုင်းကို ပြင်ဆင်ဖို့သွားရင်း မော်တော်ယာဉ်တစ်စီး၊ ဆိုင်ကယ်တစ်စီး နဲ့အတူ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

KNDF က စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်အောင် မကူညီကြဖို့နဲ့  ကူညီတာဝန်ထမ်းဆောင်နေသူအားလုံးကို အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Most read this week

December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...