ဓာတ်အားလိုင်းပြင်ဆင်ဖို့ သွားတဲ့စစ်ကောင်စီတပ်မှူး နှစ်ဦးနဲ့ EPC ဝန်ထမ်း ၂၆ ဦး ကို KNDF ဖမ်းဆီးထား

ဓာတ်အားလိုင်းပြင်ဆင်ဖို့ သွားတဲ့စစ်ကောင်စီတပ်မှူး နှစ်ဦးနဲ့ EPC ဝန်ထမ်း ၂၆ ဦး ကို KNDF ဖမ်းဆီးထား

ကရင်နီပြည်ကို လောပိတ-ရွှေမြို့ မဟာဓာတ်အားလိုင်းကို ပြင်ဆင်ဖို့ သွားတဲ့ စစ်ကောင်စီတပ်မှူးနှစ်ဦးနဲ့ EPC ဝန်းထမ်း ၂၆ဦးကို ဖမ်းဆီးထားတယ်လို့ KNDF က ဒီကနေ့ ဧပြီလ ၂၆ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးထားသူတွေကို KSP ထံလွဲပြောင်းပေးပြီး အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့  အရေးယူဆောင်ရွက်မှုပြုလုပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဧပြီလ ၂၁ရက်နေ့မှာ ဖမ်းဆီးထားတာဖြစ်ပြီး  လူ့ဂုဏ်သိက္ခာ နဲ့ အညီ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တဲ့အတွက် သူတို့နဲ့ ဆက်စပ်တဲ့ ဆွေမျိုးသားချင်းတွေကို စိုးရိမ်ပူပန်ခြင်းမရှိဖို့ KNDF ကထုတ်ပြန်ထားပါတယ်။

လွိုင်ကော်-ဖယ်ခုံလမ်းမအနီးမှာ တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ ဓာတ်အားလိုင်းကို ပြင်ဆင်ဖို့သွားရင်း မော်တော်ယာဉ်တစ်စီး၊ ဆိုင်ကယ်တစ်စီး နဲ့အတူ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

KNDF က စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်အောင် မကူညီကြဖို့နဲ့  ကူညီတာဝန်ထမ်းဆောင်နေသူအားလုံးကို အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

April 4, 2026
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပုံမှန်ရှိနေတဲ့အတွက် လူထုတွေ...
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...
April 1, 2026
သိုးကလေး — အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင်...