ဒေါဥခူနဲ့ မိုင်းလုံးရပ်ကွက်က ဒေသခံတွေကို UN က ပစ္စည်းထောက်ပံ့ပေးနေ

ဒေါဥခူနဲ့ မိုင်းလုံးရပ်ကွက်က ဒေသခံတွေကို UN က ပစ္စည်းထောက်ပံ့ပေးနေ

ကမ္ဘာ့ကုလသမဂ္ဂ (UN) ကနေ လွိုင်ကော်မြို့နယ် ဒေါဥခူရပ်ကွက်နဲ့ မိုင်းလုံးရပ်ကွက်မှာရှိတဲ့ ဒေသခံတွေကို ပစ္စည်းတွေထောက်ပံ့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က(၂၅ ရက်နေ့)  ဘုန်းကြီးကျောင်းမှာ ပစ္စည်းတွေထောက်ပံ့ခဲ့ပြီး ဒီနေ့မှာတော့ အထက ၆ စာသင်ကျောင်းမှာ ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

အိမ်ထောင်စုစာရင်းနဲ့ စစ်ရှောင်ကနေ ပြန်လာကြောင်း ထောက်ခံစာကို ပြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။  ထောက်ပံ့တဲ့နေရာမှာ UN နဲ့ စစ်ကောင်စီ တပ်သားတွေရှိနေတယ်လို့ သိရပါတယ်။

“ မိုးကာ၊ စောင် ၊ဒယ်အိုး ခွက် ၊ရေပုံး ၊စတဲ့ပစ္စည်း (၁၁)မျိုး ပေးတယ်။  ရပ်ကွက်နေ ပြည်သူတွေကိုတော့ ပစ္စည်းတွေထောက်ပံ့တယ်။ နေအိမ်ပျက်စီး အိမ်ထောင်စုတွေကိုတော့ ငွေထောက်ပံ့တယ်လို့သိရတယ်ဗျ။ မိုင်းလုံးရပ်ကွက်၊ ဒေါဥခူရပ်ကွက် နှစ်ရပ်ကွက်ထောက်ပံ့ပေးခဲ့တယ်။ မနေ့က မိုင်းလုံး ကိုထောက်ပံ့ပေးတယ်။ အိမ်ထောင်စု စာရင်းနဲ့ သွားထပ်ရတယ်။  သွားယူရတယ်။ အိမ်ပျက်စီး စာရင်းက သီးသန့်ကောက်တယ်။ အိမ်ထောင်စုစာရင်းက စားပွဲပေါ်မှာ အထပ်လိုက်ပဲ။ ရပ်ကွက် အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ကြော်ငြာတယ်ပြီး လိုက်အော်တယ်။ စာရင်းအတည်ပြုတာက သူတို့ကိုယ်တိုင်ပဲ။” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေ အတွင်းမှာလည်း ဒေါဥခူရပ်ကွက် ဖက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ တွေ စစ်ဘေးရှောင်ခဲ့ရပါတယ်။ တိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်မှုကြောင့် နေအိမ် ပျက်စီးခဲ့သလို ဒေသခံ သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။

မတ်လ ပိုင်းလောက်ကနေစပြီးတော့ ပြည်သူတွေ နေရပ်ပြန်လည် နေထိုင်တာတွေ ရှိနေတာဖြစ်ပါတယ်။ နေရပ်ပြန်လည် နေထိုင်တဲ့ သူတွေကို စစ်ကောင်စီကနေပြီး ထောက်ပံ့ကြေး ပေးတာတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ - ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC)
August 11, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာတွင် ဒေသခံများနှင့် စစ်ဘေးရှောင်များ...
August 10, 2026
ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ၁၉၄၈ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ စစ်အာဏာရှင်စနစ်ကို တော်လှန်...
August 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေလကြိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အရေပြား...
August 8, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်...