ဖမ်းဆီးခံ PDF လူငယ်များ၏ ဖုန်းမှတဆင့် အခြားအဖွဲ့ဝင်များကို နောက်ယောင်ခံနေ

ဖမ်းဆီးခံ PDF လူငယ်များ၏ ဖုန်းမှတဆင့် အခြားအဖွဲ့ဝင်များကို နောက်ယောင်ခံနေ

မြစ်ကြီးနား ရမ်ပူရပ်ကွက်တွင် ယမန်နေ့က ဖမ်းဆီးခံရသော PDF လူငယ်များ၏ ဖုန်းမှ တဆင့် အခြားအချိတ်အဆက်များကိုလည်း နောက်ယောင်ခံနေကြောင်း အဆိုပါ လူငယ်များနှင့် နီးစပ်သူများထံမှ သိရသည်။

ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မြစ်ကြီးနား ရမ်ပူ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီ တပ်သားများ လာရောက်ပစ်ခတ်ဖမ်းဆီးခဲ့ရာ လူငယ်အဖွဲ့မှ ၂ ဦး သေဆုံးပြီး ၃ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

“ဖမ်းခံရတဲ့သူတွေရဲ့ ဖုန်းနံပါတ်နဲ့ တခြားသူတွေကို ပြန်နောက်ယောင်ခံနေတယ်။ သူတို့ အိမ်မှာရှိနေတုန်း လာဖမ်းသွားတော့ သူတို့ဖုန်းတွေ အကုန် စစ်တပ်ယူသွားတယ်။ တချို့က မသိတော့ ဖုန်းခေါ်လာရင် ကိုင်ပေးတဲ့ သူတောင် ရှိသေးတယ်တဲ့။” ဟု ဖမ်းဆီးခံ လူငယ်များနှင့် နီးစပ်သူက KNG ကို ပြောသည်။

လက်ရှိ ထိုလူငယ်များကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တွင် ဖမ်းဆီး စစ်ဆေးနေပြီး အခြားသူများကိုလည်း လိုက်လံ စုံစမ်းနေသည်ဟု သိရသည်။

အဆိုလူငယ်များအနက် တစ်ဦးကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခန့် မြို့သစ်ကြီးရပ်ကွက်တွင် စတင်ဖမ်းဆီးခဲ့ပြီးနောက် ထိုသူမှတဆင့် ရမ်ပူရပ်ကွက်ရှိ နေအိမ်ကို စစ်သားများက သွားရောက် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

“နာမည်ပေါက်ထားသော PDF ရဲဘော် လူငယ်တစ်ဦးက မြို့တွင်းအခြေနေလေ့လာနေချိန်မှာ(စကစ)က ဖမ်းမိသွားပြီး PDF လက်ထောက်ကို ဖုန်းဆက်ချိန်းခိုင်းပြီး ဖမ်းဆီး အဆက်ဆက် ကွင်းဆက်လိုက်တော့ နေရာသိရှိသဖြင့် စစ်ခွေး ရဲခွေးများ အင်အား ၄၀ လောက်ဖြင့် ဝင်ရောက် ပစ်ခတ်ဖမ်းဆီးရာမှ အပြန်လှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်” ဟု ဖမ်းဆီးခံ လူငယ်များနှင့် နီးစပ်သူက KNG ကို ပြောသည်။

သို့သော် အဆိုပါလူငယ်များကို ကားဓါးပြတိုက်သောအဖွဲ့ ကဲ့သို့ လူမှုကွန်ရက်တွင် ပုံဖော်ထားသည်ကို မလိုလားကြောင်း သူက ပြောသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...