မြစ်ကြီးနားတွင် စစ်ကောင်စီကို တော်လှန်သော လူငယ်အချို့ ပစ်ခတ် ဖမ်းဆီးခံရ

မြစ်ကြီးနားတွင် စစ်ကောင်စီကို တော်လှန်သော လူငယ်အချို့ ပစ်ခတ် ဖမ်းဆီးခံရ

မြစ်ကြီးနား မြို့သစ်ကြီး နှင့် ရမ်ပူရပ်ကွက်တွင် စစ်ကောင်စီကို ဆန့်ကျင်သော တက်ကြွလှုပ်ရှားသူ လူငယ်တချို့ ပစ်ခတ်ဖမ်ဆီးခံခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၄ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် မြစ်ကြီးနား မြို့သစ်ကြီး ရပ်ကွက်တွင် တည်းခိုနေသူ လူငယ်တစ်ဦးကို အရပ်ဝတ် စစ်ကောင်စီတပ်နှင့် ရဲများ စတင်ဖမ်းဆီးခဲ့ကြောင်း အဆိုပါ လူငယ်နှင့် သိသော နောက်ထပ်လူငယ်တစ်ဦးက KNG ကို ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲမှတ်တမ်း တစ်ခုတွင် “အေးမြသာယာနယ်မြေရှိ မကန မြို့နယ်အားကစားကွင်းအနီး မသင်္ကာဖွယ်ရာ လူငယ်တစ်ဦး တွေ့ရှိရသဖြင့်  သက်သေ မြို့သစ်ကြီးရပ်ကွက်အုပ်ချုပ်ရေးမှုး  ဦးတက်တိုး၊ နယ်မြေ မှူး ဦးကျော်မြင့်တို့နှင့်အတူ ဝိုင်းပတ်ပိတ်ဆို့ ဖမ်းဆီးခဲ့” ကြောင်း ဖော်ပြထားသည်။

ထိုလူငယ်တွင် ပစ္စတိုသေနတ်တစ်လက်ဖြင့် ဖမ်းဆီးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ လူငယ်မှာ စစ်ကောင်စီသတင်းပေးများကြောင့် ဝိုင်းဝန်း ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ထိုသူမှတဆင့် ရမ်ပူ ရပ်ကွက်ရှိ သူနှင့် ဆက်စပ်သော အခြား လူငယ် ၆ ဦးကိုလည်း စစ်ကောင်စီတပ်များက ဖော်ထုတ်ခဲ့ကြောင်း သိရသည်။

“ဖမ်းဆီခံရသော လူငယ်အား ညှင်းပန်းနှိပ်စက်ပြီး အခြားသူများရှိရာ နေရာကို စုံစမ်းဖော်ထုတ်ကာ စစ်တပ်မှ အင်အားများစွာသုံး၍ ရမ်ပူရပ်ကွက်ရှိ အိမ်တစ်အိမ်အား ဝင်ရောက်စီးနင်းပစ်ခတ်ဖမ်းဆီးရာ နှစ်ဦးကျည်ဆံထိမှန်(စိုးရိမ်ရ) အခြေအနေနှင့် အခြား လေးဦး စုစုပေါင်း ခြောက်ဦးပစ်ခတ်ဖမ်းဆီးခံရပြီး မြောက်ပိုင်းတိုင်စစ်ဌာနချုပ် စစ်ကြောရေးသို့ခေါ်ဆောင်သွားပါသည်” ဟု အဆိုပါဖမ်းဆီးခံ လူငယ်များနှင့် ရင်းနှီးသူတစ်ဦးက KNG ကို ပြောဆိုခဲ့သည်။

အဆိုပါ လူငယ်များမှာ စစ်ကောင်စီကို ဆန့်ကျင်သော တက်ကြွလှုပ်ရှားသူများဖြစ်ကြောင်း သူက ဆက်လက်ပြောဆိုခဲ့ပါသည်။

ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...
မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...