ဝိုင်းမော် ဂွေရွတ်ယန်သို့ လည်ပတ်သူများ အမှိုက်စနစ်တကျစွန့်ပစ်ရန် ဒေသခံများတောင်းဆို

ဝိုင်းမော် ဂွေရွတ်ယန်သို့ လည်ပတ်သူများ အမှိုက်စနစ်တကျစွန့်ပစ်ရန် ဒေသခံများတောင်းဆို

ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာနှင့် တဆက်တည်းရှိသော ဂွေရွတ်ယန် (Gwi Rut Yang) ကြိုးတံတားသို့ လာရောက်အပန်းဖြေသူများအနေဖြင့် စမ်းချောင်းအတွင်း အမှိုက်များကို စွန့်ပစ်ခြင်းမပြုရန် ဂွေရွတ်ယန်ဒေသခံများ တောင်းဆိုနေကြသည်။

ကြိုးတံတားပေါ်သို့ လာရောက်အပန်းဖြေသော ပြည်သူများသည် အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းမပြုဘဲ N Myen Hka ချောင်းလမ်းကြောင်းပိတ်ဆို့မှုဖြစ်ပေါ်သည်အထိ အမှိုက်ပိတ်ဆို့နေကြောင်း ဂွေရွတ်ယန်ဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

“တံတားပေါ်မှာ အပန်ဖြေရောက်လာတဲ့ သူတွေက သူတို့ယူလာတဲ့ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်တာမရှိဘူး။ ချောင်းတစ်ကြောင်းလုံးက အမှိုက်တွေကြီးဘဲ။ အဲ့တော့ ရေလမ်းကြောင်း ပိတ်ဆို့တာတွေဖြစ်လာတယ်။ နောက် ချောင်းအတွင်းမှာရှိတဲ့ ရေသတ္တဝါတွေလည်း မရှိတော့ဘူး။ ဒီလိုသာဆိုရင် ချောင်းရဲ့ ဂေဟစနစ်တွေ ပျက်စီးသွားဖို့ဘဲရှိတော့တယ်” ဟု ပြောဆိုသည်။

ဂွေရွတ်ယန်တွင် ရေကစားအပန်းဖြေရန် နေရာများပြုလုပ်ထားပြီး ပြည်သူအချို့လည်း ထိုနေရာသို့ လာရောက် လည်ပတ်မှုများ ပုံမှန်ရှိနေသည်။ ဂွေရွတ်ယန်ကြိုးတံတားပေါ်တွင် စားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင် ဆိုင်ခန်းများ ဖွင့်ထားသည့် ဆိုင်ရှင်များအနေဖြင့်လည်း အမှိုက်များကို တနစ်တကျ စွန့်ပစ်ပေးရန်လည်း အထူးလိုအပ်ကြောင်း သူက ဆက်လက်ပြောဆိုသည်။

အဆိုပါကျေးရွာတွင် နွေရာသီ ရေတွင် ရေကန်ခမ်းခြောက်မှုဒဏ်ကြောင့် ဒေသခံများ၏ တကိုယ်ရေသန့်ရှင်းရေးအတွက် အင်မြန့်ခချောင်းကိုသာ အသုံးပြုနေရသောကြောင့် မြစ်ချောင်းပျက်စီးသွားမည်ကို စိုးရိမ်ကြောင်းသူက ဆက်ဆိုထားသည်။

“ဒီမှာက နွေရာသီရောက်ရင် ရွာအတွင်းမှာရှိတဲ့ ရေတွင်း ရေခမ်းတာရှိတယ်။ မိုးတွင်းလောက်ဘဲ သုံးလို့ရတယ်။ အဲ့ကြောင့် နွေရာသီရောက်ရင် တစ်ကိုယ်ရေအတွက် ချောင်းရေဘဲသုံးကြတာ။ အခုက မနေ့ညနေ ကျနော်ကိုယ်တိုင် သွားချိုးတယ်။ ယားယံတာတွေဖြစ်လာတယ်။ အရင်တုန်းက ယားယံတာတွေ မဖြစ်ဘူး။ အဓိကတော့ အမှိုက်တွေ ပိတ်ဆို့ပြီး ရေဓာတ် ပျက်စီးလာတယ်လို့ပြောလို့ရတယ်။ ဒါကြောင့် တံတားပေါ်မှာလာရောက်တဲ့သူတွေတိုင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ပေးကြရန် တောင်းဆိုချင်ပါတယ်” ဟု ပြောဆိုသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း ဂွေရွတ်ယန် ကြိုးတံတားပေါ်တွင် လာရောက်အပန်းဖြေသူများရှိခဲ့ပြီး ချောင်းတစ်လျှောက် အမှိုက်စုပုံထားမှု အများအပြား တွေ့ရသည်ဟု သိရပါသည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...