မိုးဗြဲမြို့စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်၊ အရပ်သားထိခိုက်မှုရှိ

မိုးဗြဲမြို့စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်၊ အရပ်သားထိခိုက်မှုရှိ

ဒီကနေ့ ( ဧပြီလ ၂၀ရက်) မနက်ပိုင်းမှာ မိုးဗြဲမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲ အတွင်းမှာ အရပ်သားပြည်သူတွေ ထိခိုက်တာတွေလည်းရှိသလို စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်သုံးလုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒေသခံ ပြည်သူတွေကတော့ ဘေးလွှတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ တယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ စစ်ဖြစ်ပွားရာ နေရာဇုန်းအနီးအနားက အရပ်သားပြည်သူတွေကတော့ ဒီဘေးလွှတ်ရာကို ကြိုတင် တိမ်းရှောင်တာတွေရှိတယ်။ ဒါပေမယ့် အများစုတော့ စစ်ဇုန်နဲ့ နည်းနည်းလွှတ်ကင်းတဲ့နေရာတွေပေါ့နော။ အဲ့လိုနေရာတွေမှာ နေတာတွေရှိတယ်။” လို့ ၎င်းက ဆက်ပြောပါတယ်။

လက်ရှိအနေအထားအရ နယ်မြေအခြေအနေနဲ့ပတ်သက်ပြီး တိတိကျကျမပြောနိုင်သေးတဲ့အတွက် သတိနဲ့ နေကြဖို့ အရပ်သားပြည်သူတွေကို မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်က တိုက်တွန်းထားပါတယ်။

“ဘယ်နေရာ ဘာဖြစ်မလဲဆိုတာကတော့ တိတိကျကျပြောရဖို့ခက်တယ်။ ပြည်သူလူထုကြီးအနေနဲ့လည်း အဓိကမှာချင်တာကတော့ ပြည်သူလူထုပါပဲ။ သူတို့ထိခိုက်ဒဏ်ရာရမှာရယ်။ နောက်ပြီးတော့ အခက်အခဲ အကျပ်အတည်း ပိုပြီးတော့ ဖြစ်မှာရယ် ပိုပြီးတော့ စိုးရိမ်တယ်ဗျ။ အဓိကတော့။ အဲ့လိုမဖြစ်အောင် အသိနဲ့ သတိနဲ့ ဆင်ခြင်သုံးသပ်ပြီးတော့ ဂရုတစိုက်နေကြဖို့ပဲ။ ဂရုတစိုက်နဲ့ နိုးနိုးကြားကြားနေကြဖို့ပဲ ကျနော်ပြောချင်ပါတယ်။ “ လို့ သူက ပြောပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက် တိုက်ပွဲဖြစ်ပွားတဲ့အချိန်နဲ့ တိုက်ပွဲမဖြစ်ပွားတဲ့အချိန်တွေပါ စစ်ကောင်စီက လက်နက်ကြီးတွေ အသုံးပြုပစ်ခတ်နေတဲ့အတွက် အရပ်သားနေအိမ် တစ်ထောင်နီးပါး ပျက်စီးသွားတယ်လို့ PKPF က ဒီကနေ့ ဧပြီလ ၂၀ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်နက်ကြီးတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေရှိသလို့ သေဆုံးသွားတဲ့ အရပ်သားပြည်သူတွေလည်း အများအပြားရှိနေပါတယ်။

ဓာတ်ပုံ - ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC)
August 11, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာတွင် ဒေသခံများနှင့် စစ်ဘေးရှောင်များ...
August 10, 2026
ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ၁၉၄၈ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ စစ်အာဏာရှင်စနစ်ကို တော်လှန်...
August 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေလကြိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အရေပြား...
August 8, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်...