မိုးညှင်းမြို့ နှင့် မော်ဟန် ကြား ရက်ပိုင်းအတွင်း စစ်တပ်ဂိတ် ၄ ခု တိုးလာ

မိုးညှင်းမြို့ နှင့် မော်ဟန် ကြား ရက်ပိုင်းအတွင်း စစ်တပ်ဂိတ် ၄ ခု တိုးလာ

ကချင်ပြည်နယ် မိုးညှင်းမြို့နှင့် မော်ဟန်ကျေးရွာကြား ကားလမ်းပိုင်း၌ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်အသစ် ၄ ခု ထပ်တိုးလာပြီး ခရီးသွားပြည်သူများကို စစ်ဆေးမှု ပိုများလာကြောင်း သိရသည်။

အဆိုပါ စစ်ရေးဂိတ် ၄ ခုကို ယခုလ ဧပြီလ ၅ ရက်နေ့ နောက်ပိုင်းတွင် တည်ဆောက်လာခြင်းဖြစ်သည်ဟု မော်ဟန်ကျေးရွာနေအမျိုးသားတစ်ဦး က KNG သတင်းဌာနသို့ ပြောသည်။

“မိုးညှင်းကနေ မော်ဟန်ထိကို ၄ ဂိတ်ရှိတယ်။ ဆောက်တာမကြာသေးဘူးဗျ။ လေးရက် ငါးရက် လောက်ပဲရှိဦးမယ်။ ဆိုင်ကယ်တွေကတော့ ပုံမှန်လိုပဲ အမေးအမြန်းမရှိဘူး သွားလာလို့ရပါတယ်။ အဓိကတော့ကတော့ ကားတွေပါပဲ ကားတွေကတော့ သူတို့မေးမြန်းတယ်။ ရှာစရာရှိတာတွေရှာတယ်ဗျ။” ဟု မော်ဟန်ကျေးရွာနေအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်များကို မိုးညှင်း မော်ဟန်ကျေးရွာကြားရှိ စစ်တပ်စခန်းနှင့် နီးသည့်နေရာများတွင် အခြေချထားပြီး စစ်ကောင်စီစစ်သားများ နေရာယူကာ ဖြတ်သန်းသွားလာသော ပြည်သူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

“ဂိတ်ထိုင်တယ်ဆိုကတည်းက သူတို့လိုချင်တဲ့ ဦးတည်ချက်တစ်ခုတော့ရှိမှာပဲလေ။ လတ်တလောမှာ အကောက်အခွန်ကောက်နေတာတွေတော့ မရှိသေးပါဘူး။ ခရီးသွားပြည်သူတွေရဲ့ကားတွေကို ရပ်တန့်ပြီး စစ်ဆေးတယ်။ ပစ္စည်းတွေ ရှာဖွေတာတွေတော့ လတ်တလောလုပ်နေပါတယ်” ဟု ဧပြီလ ၁၀ ရက်နေ့က မိုးညှင်း လမ်းပိုင်း ခရီးသွားသည့် ပြည်သူတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များ မကြာခဏ တိုက်ခိုက်ခံရပြီး လွန်ခဲ့သည့် လတွင်လည်း နန့်စီးအောင်စစ်ဆေးရေးဂိတ်နှင့် မြစ်ကြီးနားမြို့ အထွက် ၂၁ မိုင် ဂိတ်တို့ တိုက်ခိုက်ခံရကာ စစ်ကောင်စီတပ်သားများ သေဆုံးမှု ရှိခဲ့သည်။

သို့သော်လည်း စစ်ကောင်စီတပ်များနှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များသည် ပြည်နယ်အတွင်း နေရာအချို့တွင် စစ်အင်အားတိုးချဲ့ကာ စစ်ဆေးရေးဂိတ်များဖြင့် တင်းကြပ်လာကြောင်း နေရာအသီးသီးမှ စုံစမ်းသိရှိရပါသည်။

စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...
မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...