ကရင်နီပြည်သူ့တော်လှန်ရေးတပ်ပေါင်းစု (KRU) ကို တော်လှန်ရေးတပ်ဖွဲ့(၆)ဖွဲ့ နဲ့ ဖွဲ့စည်းခဲ့

ကရင်နီပြည်သူ့တော်လှန်ရေးတပ်ပေါင်းစု (KRU) ကို တော်လှန်ရေးတပ်ဖွဲ့(၆)ဖွဲ့ နဲ့ ဖွဲ့စည်းခဲ့

ကရင်နီပြည်တွင်း က စစ်ကောင်စီကို တော်လှန်နေတဲ့ တပ်ဖွဲ့(၆)ဖွဲ့နဲ့ ကရင်နီပြည်သူ့တော်လှန်ရေးတပ်ပေါင်းစု( Karenni Revolution Union – KRU ) ကို ပြီးခဲ့တဲ့ ဧပြီလ(၆)ရက်နေ့မှာ ဖွဲ့စည်းကြောင်း KRUမှာ ပါဝင်တဲ့ အဖွဲ့အသီးသီးက ကြေညာခဲ့ပါတယ်။

လူအင်အား၊ လက်နက်အင်အား ပိုတောင့်တင်းလာဖို့နဲ့ စစ်ဆင်ရေးကိစ္စတွေမှာ စနစ်တကျ အချိတ်အဆက်မိစွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

“ ဒီတော်လှန်ရေးမှာတော့ ကျနော်တို့ ကရင်နီ ဒေသအတွင်းမှာရှိတဲ့ KA တို့လို အဖွဲ့အစည်းမျိုးတွေ KNDFတို့လို အဖွဲ့အစည်းမျိုးတွေ၊ နောက် အလယ်ပိုင်းတိုင်း အဖွဲ့အစည်းတွေနဲ့တော့ ကျနော်တို့ မြေပြင်မှာတွေ့ရင်တော့ ကျနော်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီးတော့ စစ်ကောင်စီကို အတူတကွတိုက်ထုတ်မှာပေါ့နော။ အဲ့တာ တစ်ချက်ပေါ့နော။ ဒုတိယ အချက်က ကျနော်တို့က မြေပြင်တိုက်ပွဲမှာ ဖွဲ့စည်းလိုက်ရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ လက်နက်ခဲယမ်းတွေ တောင့်တင်းဖို့ပေါ့နော။ လူတွေ စနစ်တကျ ဖွဲ့စည်းဖို့ အတွက် ဆိုပြီးတော့  မူတည်ပြီးတော့ ဖွဲ့လိုက်တယ်။ မြေပြင်မှာ တခြား အဖွဲ့အစည်းနဲ့ ကျနော်တို့ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်သွားမှာပါ။ “ လို့ KRU သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

KRUမှာပါဝင် စုဖွဲ့တဲ့ တပ်ဖွဲ့(၆)ဖွဲ့ကတော့ Karenni Generation-Z(KGZ), Karenni Democratic Front(KDF) , Fight for Justice(JPDF) , GZ-21(Loikaw) , Medic Unit , Southern Shan People Defense Force(SSPDF) စတဲ့ အဖွဲ့တွေနဲ့ ဖွဲ့စည်းခဲ့တာြဖစ်ပါတယ်။ (SSPDF) အဖွဲ့ကတော့ အထောက်အကူပြု မဟာမိတ်အဖွဲ့ အနေနဲ့သာ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

August 10, 2026
ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ၁၉၄၈ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ စစ်အာဏာရှင်စနစ်ကို တော်လှန်...
August 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေလကြိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အရေပြား...
August 8, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်...
August 7, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ နေရာတစ်ခုကို စစ်အုပ်စုတပ်က လေယာဉ်ဖြင့် ဗုံးကြဲ...