သင်္ကြန်ရက်အတွင်း ကချင်ပြည်နယ် ပြင်ပသို့ ပြေးဆွဲမည့် မော်တော်ယာဥ်လိုင်းအားလုံးရပ်နားမည်

သင်္ကြန်ရက်အတွင်း ကချင်ပြည်နယ် ပြင်ပသို့ ပြေးဆွဲမည့် မော်တော်ယာဥ်လိုင်းအားလုံးရပ်နားမည်

သင်္ကြန်ပွဲ‌တော်ရက်များတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြစ်ဖျားဧရာအဝေးပြေးယာဥ်ရပ်နားစခန်းမှ ပြေးဆွဲနေသော မော်တော်ယာဥ်လိုင်းများအားလုံးရပ်နားမည်ဖြစ်ကြောင်းသိရသည်။

မြစ်ဖျားဧရာအဝေးပြေးယာဥ်ရပ်နားစခန်းတွင် အခြားတိုင်း/ပြည်နယ် များသို့ပြေးဆွဲနေသော မော်တော်ယာဥ်လိုင်း ပေါင်း (၄၀) ကျော်ရှိပြီး သင်္ကြန်ပွဲတော်ရက်များတွင် ရပ်နားထားမည်ဖြစ်ကြောင်းကချင်ပြည်နယ်မော်တော်ယာဥ်များကြီးကြပ်ရေးကော်မတီမှတာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

''နားတာကတော့ အကုန်လုံးနားကြမှာဖြစ်တယ်။ နားဖို့အတွက်ယာဥ်လိုင်းတွေအားလုံးစာတင်တယ်။ အကြိုနေ့တော့ကားထွက်မယ်။ ၁၄ ရက်ကနေ့ ၁၇ ရက်နေ့အထိ လေးရက်နားမယ်''ဟု ၎င်းကပြောသည်။

သို့သော် သင်္ကြန်ပွဲရက်အတွင်း ယာဥ်လိုင်းများရပ်နားမည်ဖြစ်သော်လည်း ပွဲတော်ရက်များအတွင်းသွားလာမည့်ခရီးသည်များရှိပါက လိုအပ်သည့်ကားအစီးရေကို အခကြေးငွေပေးငှားရမ်းစေလွတ်ရန် စီစဥ်ထားကြောင်းသူက ဆက်ဆိုထားသည်။

''သွားမယ့်ခရီးသည်များရင်တော့ လိုအပ်တဲ့ကားအစီးရေလွှတ်ဖို့‌တော့ စီစဉ်ထားတယ်။ လက်မှတ်နှုန်း ထားတွေက ပုံမှန်အတိုင်းပါပဲ။ တိုးတာလည်း မရှိဘူး။ လျော့တာလည်းမရှိပါဘူး။ ပုံမှန်အတိုင်းပဲကောက်ခံခိုင်းထားတယ်''ဟုပြောဆိုသည်။

သင်္ကြန်ရက်အတွင်း ရပ်နားလိုသည့်မော်တော်ယာဥ်လိုင်းများသည်လည်း ကချင်ပြည်နယ်မော်တော်ယာဥ်များကြီးကြပ်ရေးကော်မတီသို့ ဧပြီလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ စာတင်ရမည်ဖြစ်ကြောင်းသိရသည်။

ပြည်နယ်ပြင်ပသို့ပြေးဆွဲမည့်ယာဥ်လိုင်းများ အားလုံးရပ်နားမည်ဖြစ်သော်လည်း ပြည်နယ်တွင်းပြေးဆွဲသည့် မော်တော်ယာဥ်လိုင်းများကရပ်နားမည်မဟုတ်ကြောင်းသိရသည်။

မြစ်ဖျားဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ အခြားတိုင်း/သို့နယ်သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်း ( ၄၀) နှင့် ပြည်နယ်တွင်းသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်း ( ၆၇)လိုင်း စုစုပေါင်း ယာဉ်လိုင်း (၁၀၇)လိုင်း ပြေးဆွဲလျက်ရှိကြောင်းသိရသည်။

July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...