စားနပ်ရိက္ခာနဲ့ နေရာ အခက်အခဲကြောင့် မုံးကိုးဘက်ရောက်လာတဲ့ စစ်ရှောင်အချို့ကို ပြန်လှည့်နေရ

စားနပ်ရိက္ခာနဲ့ နေရာ အခက်အခဲကြောင့် မုံးကိုးဘက်ရောက်လာတဲ့ စစ်ရှောင်အချို့ကို ပြန်လှည့်နေရ

ရှမ်းမြောက် တရုတ် မြန်မာနယ်စပ်ရှိ မုံးကိုးမြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့ နေရာ အခက်အခဲကြောင့် ထပ်‌ရောက်လာတဲ့ စစ်ရှောင်အချို့ ပြန်လှည့်နေရကြောင်း စစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။

"လတ်တလော ဆန်နှင့် စားဆီ ခက်ခဲနေတယ်။ လူဦးရေ ပြန်တိုးလာရင် တခြားနေစရာ နေရာနဲ့ စားစရာ မရှိတော့လို့ တချို့ကိုတော့ တိုက်ပွဲလည်း မဖြစ်တော့တာကြောင့် လက်မခံတာ ဟုတ်တယ်။" လို့ စစ်ရှောင် စခန်းမှာ စီမံ ခန့်ခွဲနေသူ တစ်ဦးက ပြောပါတယ်။

အချိန် ကြာလာတာနဲ့အမျှ ဘာသာရေး ဘုရားကျောင်းဝင်းအတွင်း ဟောခန်းမ၊ ဝန်ထမ်းအိမ်ယာ စတဲ့နေရာတွေမှာ ဘုရားကျောင်းနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုများပြုလုပ်ရန်ရှိလာတဲ့အတွက် စစ်ရှောင်များ တည်းခိုဖို့ပင် ကြပ်တည်းလာနေတယ်လို့ ဆိုပါတယ်။

မုန်းပေါ်ပြည်သူ့စစ်အဖွဲ့ရဲ့ ငြိမ်းအေးမြေကုမ္ပဏီမှာ ခိုလှုံနေတဲ့နေရာမှာလည်း လူဦးရေ တိုးလာတာကြောင့် လူ မဆံ့တော့ကြောင်း စစ်ရှောင် စခန်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

"အခက်အခဲက နေရာကို မရှိတာ။ အကယ်လို့ နေရာသာရှိခဲ့ ရင်လည်း ဆောက်ပေးဖို့ ပိုက်ဆံကို မရှိတာကြောင့် နေရာက အခက်အခဲ ကြီး ဖြစ်နေတယ်။" လို့ သူက ကပြောပါတယ်။

မုံးကိုး မြို့နယ်အတွင်း ပြီးခဲ့တဲ့နှစ် နှစ်လယ်ခန့်ကစ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ကချင်၊ တအာင်း ပလောင်၊ တရုတ် စတဲ့ ဒေသခံ ၈၀၀ ဝန်းကျင် မှာ ကချင် KBC ဘုရားကျောင်း၊ လီဆူဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ငြိမ်းအေးမြေနဲ့ ထပ်တိုးထားတဲ့ နေရာ ၂ နေရာတွေမှာ လက်ရှိချိန်ထိ ယာယီ ခိုလှုံနေရတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာလည်း ရှမ်းမြောက် တရုတ်နယ်စပ်တစ်လျှောက် စစ်ရေးမတည်ငြိမ်သေးတာကြောင့် စစ်ရှောင်စခန်းဆီ ရောက်လာကြပေမယ့် နေရာအခက်အခဲကြောင့် လက်မခံခဲ့တာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...
မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...