ရွှေကူတွင် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို KIO စတင်စစ်ဆေးနေ

ရွှေကူတွင် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို KIO စတင်စစ်ဆေးနေ

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး တိုက်ခိုက် အပြီး ဖမ်းဆီးရမိထားသော စစ်သုံ့ပန်း ၂၀၀ ဝန်းကျင်ကို လုံခြုံသည့်နေရာသို့ ပို့ဆောင်ကာ စစ်ဆေးမေးမြန်းမှု များ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထံမှ သိရသည်။

KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “စစ်ဘက်နဲ့ဆိုင်တဲ့ လက်ထဲမှာ ရှိနေပါတယ်။ စစ်သားက ဘယ်နှစ်ယောက်ဟုတ်တယ်၊ အရပ်သားက ဘယ်လောက်ပါတယ်ဆိုတာ အသေးစိတ်တော့ ပြော ဖို့ခက်နေသေးတယ်။ ဒါပေမဲ့ လုံခြုံတဲ့နေရာကို ပို့ဆောင်ပြီး စစ်ဆေးရေးလုပ်နေပြီ ဖြစ်ပါတယ်” ဟု ပြော သည်။

လက်ရှိတွင် စစ်ဆေးမေးမြန်းနေသည့် ကာလဖြစ်၍ မည်သူမည်ဝါများ ပါဝင်သည်ဆိုသည်ကို ထုတ်ဖော် ပြောဆိုရန် ခက်ခဲနေသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ရွှေကူတိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များ ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း များထဲတွင် စစ်သား၊ အမျိုးသမီးနှင့် ကလေးငယ်များအပြင် တပ်မိသားစုဝင်များ အများဆုံးပါဝင်နိုင်ပြီး အရပ်သားအချို့လည်း ပါဝင်နိုင်ကြောင်း ဆိုသည်။

KIA ရှေ့တန်းသတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း စုစုပေါင်း ၁၉၀ ဝန်းကျင်ရှိပြီး အဆိုပါအထဲတွင် စစ်မှုထမ်းနှင့် တပ်သားစုဆောင်းခံရသူ ၁၅၁ ဦး၊ ရဲတပ်သား ၁၇ ဦး၊ ရဲမေ ၁၆ ဦးနှင့် ကလေးငယ် ၆ ဦး ပါဝင်သည်။

အခြား KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ခုကလည်း “စစ်သုံ့ပန်းတွေကို ပို့လိုက်ပြီ။ အခုလောလောဆယ်က စစ်ဆေးနေတယ်။ ဗန်းမော်ကိုတော့ တိုက်သင်္ဘော ၂ စီးနဲ့ တွဲသင်္ဘော ၅ စီး ရောက်သွားခဲ့တယ်” ဟု ပြောသည်။

စက်တင်ဘာလ ၂ ရက်နေ့က ရွှေကူသို့ ရောက်ရှိနေသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စု ဗန်းမော်ဘက်သို့ ဦးတည်ဆန်တက်စဉ် KIA နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၂ စီးမှာ အလံဖြူထောင်၍ အဖမ်းခံခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်အုပ်စုတပ် စစ်သင်္ဘော ၅ စီးအထိ ထိခိုက်ပျက်စီးခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့က မန္တလေး ဂေါဝန်သင်္ဘောဆိပ်ကမ်းမှ ကချင်ပြည်နယ်ဘက်သို့ စစ်သင်္ဘော စုစုပေါင်း ၁၅ စီး ဆန်တက်လာခဲ့ခြင်းဖြစ်ပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရသည်။

ထိုသို့ တိုက်ခိုက်ခံရအပြီး ကျန်ရှိသည့် စစ်အုပ်စုတပ်၏ တိုက်သင်္ဘော ၂ စီးနှင့် တွဲသင်္ဘော ၅ စီးသည် စက်တင် ဘာလ ၃ ရက်နေ့တွင် ဗန်းမော်မြို့သို့ ရောက်ရှိသွားခဲ့သည်။

စစ်အုပ်စုတပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း ရေလမ်းကြောင်းကို အသုံးပြု၍ တိုက်ပွဲပြင်းထန်နေသည့် ဗန်း မော်မြို့ဘက်သို့ စစ်လက်နက်နှင့် ရိက္ခာများ ပေးပို့နေခြင်းဖြစ်ပြီး ယခုကဲ့သို့ စစ်သင်္ဘောများဖြင့် အင်အား ဖြည့်တင်းနေခြင်းမှာ ဗန်းမော်မြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...
မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...