မုံးပေါ်ဒေသ ဟိုဝါးတောင်နဲ့ စီစီဝမ် တာဘန်တောင်ခြေမှာ တိုက်ပွဲ ဖြစ်ပွား

မုံးပေါ်ဒေသ ဟိုဝါးတောင်နဲ့ စီစီဝမ် တာဘန်တောင်ခြေမှာ တိုက်ပွဲ ဖြစ်ပွား

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပန်ဆိုင်း (ကြူကုတ်) မြို့နယ် မုံးပေါ်ဒေသ ဟိုဝါးတောင်နဲ့ စီစီဝမ် တာဘန်တောင်ခြေမှာ ယမန်နေ့က စစ်ကောင်စီ နဲ့ KIA ၊ MNDAA တို့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"မနက် တပိုင်းတော့ အရင် တခါ တိုက်ပွဲ ဖြစ်တဲ့ ဟိုဝါး တောင်ဘက် တိုက်ပွဲဖြစ်တယ်။ ညနေပိုင်း ၂ နာရီ ဝန်းကျင်လောက်ကကျတော့ ဟူဂန့် အပေါ်ဘက် လက်နက်သေးသံတွေရော ကြားနေရတယ်။ မိုင်ဖန်ရွာဘက်က လက်နက်ကြီး ပစ်ကူပေးတယ်။" လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

ရွာနဲ့ နည်းနည်းဝေးတာကြောင့် ရွာခံတွေ တိမ်းရှောင်ရတာမရှိပေမယ့် တိုက်ပွဲ ပြင်းထန်လာမှာကိုတော့ စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မကြာခဏ တိုက်ပွဲ ဖြစ်ပြီး တချိန်လုံးစိုးရိမ်ကြောက်လန့်နေရတဲ့အပြင် တရုတ်ဘက် အဓိက တင်ပို့တဲ့ ကြံတွေလည်း ကပ်ရောဂါ အကြောင်းပြချက်နဲ့ တင်ပို့ မရတာကြောင့် စားဝတ်နေရေး ပိုမို ခက်ခဲကျပ်တည်းလာနေကြောင်း ဒေသခံတွေက ပြောပါတယ်။

မန်ကျမ်ရွာနဲ့ ဟူဘန်ရွားကြား၊ မုံးနွယ်ကုန်းမှာ မတ်လ ၃၀ ရက်နေ့ ညနေပိုင်း ၃ နာရီ ဝန်းကျင်ခန့်ကစ စစ်ကောင်စီ တပ်မ ၉၉ နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မန်နောင်ကောင်ရွာထိပ်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့အကြား  မတ်လ ၂၈ ရက်နေ့ တရက်ထဲ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ကာ နေအိမ်အချို့ လက်နက်ကျည် ထိမှန်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့မှာလည်း မုံးပေါ်ဒေသ ဆမာရွာနားမှာ စစ်ကောင်စီတပ်နဲ့ KIA တို့အကြား တိုက်ပွဲဖြစ်ပွားတဲ့အတွက် ဒေသခံတွေ ခေတ္တရပ်နားခဲ့ပါတယ်။

အဲဒီဒေသမှာ စစ်ကောင်စီ၊ ပြည်သူ့စစ် နဲ့ KIA ၊ MNDAA တို့ လှုပ်ရှားသွားလာနေတဲ့ နေရာဖြစ်ပါတယ်။

September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...
မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...