မှတ်ပုံတင်ပါမှသာလျှင် မော်တော်ယာဉ်ဖြင့် ခရီးသွားလာနိုင်တော့မည်

မှတ်ပုံတင်ပါမှသာလျှင် မော်တော်ယာဉ်ဖြင့် ခရီးသွားလာနိုင်တော့မည်

ကချင်ပြည်နယ်အတွင်း အပြင် မော်တော်ယာဉ်လိုင်းများဖြင့် ခရီးသွားလာမည့် ပြည်သူများအနေဖြင့် လာမယ့် ဧပြီလတစ်ရက်နေ့မှစ၍ မှတ်ပုံတင်ပါမှသာလျှင် သွားလာခွင့်ရမည်ဖြစ်ကြောင်းသိရသည်။

ခရီးသွားလာမည့်သူများ နိုင်ငံသားစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်)ပါရှိရမည်ဖြစ်ပြီး ရပ်ကွက်ထောက်ခံစားများဖြင့်လည်း အကျုံးမဝင်ကြောင်း ကချင်ပြည်နယ်မော်တော်ယာဉ်များကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက KNGသတင်းဌာနသို့ပြောသည်။

“လဝက ကနေ ကားဂိတ်တိုင်းစာတွေလိုက်ဖြန့်ထားတယ်။ ကားဂိတ်တွေကနေ မှတ်ပုံတင်မပါတဲ့ခရီးသည်တွေကို မတင်ပေးဖို့။ ထောက်ခံစာနဲ့ဆိုရင်တောင်မတင်ပေးနဲ့တော့ပေါ့။ လဝက ကနေပြီးတာ့စစ်ဆေးလို့မှတ်ပုံတင်မပါရင် လက်မခံတော့ဘူး”ဟုပြောဆိုသည်။

အဆိုပါ စနစ်အားကျင့်သုံးတော့မည်ဖြစ်ကြောင်းကိုလည်း စစ်ကောင်စီလက်အောက်ခံ လဝကဝန်ကြီးဌာနက ဆယ်ရက်အလိုအတွင်းမှာအသိပေးထားကြောင်းသိရပြီး ကားဂိတ်များတွင်လည်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုဖြင့်ကြိုတင်အသိပေးမှုများပြုလုပ်ခဲ့သည်ဟုသိရသည်။

ယခင်အစိုးရလက်ထက်တွင် ခရီးသွားလာရာ၌ မှတ်ပုံတင်မရှိပါက သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေး မှူးများ၏ ထောက်ခံစာဖြင့်သွားလာနိုင်ခဲ့ပြီး ယခုကဲ့သို့ပြောင်းလဲကျင့်သုံးခြင်းသည် အများပြည်သူအတွက် အခက်အခဲဖြစ်စေမည်ဟု တနိုင်းမြို့နေ ဦးတူးတူး(အမည်လွဲ)ကယခုကဲ့သို့ပြောသည်။

“မှတ်ပုံတင်ပါမှပဲခရီးသွားလာခွင့်ရမယ်ဆိုရင်တော့ အရင်လိုလောက်တော့အဆင်မပြေတော့ဘူး။ အရမ်းအရေးမကြီးတဲ့လူဆိုတော့ တမျိုးပေါ့။ သေရေးရှင်ရေးလိုမျိုးအရေးကြီးတဲ့လူက မှတ်တင်ပေါက်နေတာတို့ ဆိုရင်ဘယ်လိုမလဲ။ မှတ်ပုံတင်မရှိတဲ့လူလည်းအများကြီး။ အကြောင်းအမျိူးမျိုးကြောင့် အဲ့ဒီလိုလူတွေကဘယ်လိုခရီးသွားမလဲ။ ပြည်သူတွေကပိုခက်ခဲသွားမယ်လို့ပဲမြင်မိတယ်''ဟုပြောဆိုသည်။

လက်ရှိတွင်ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဖျားဧရာအဝေးပြေးယာဉ်ရပ်နားစခန်းမှ ပြည်နယ်ပြင်ပသို့ပြေးဆွဲနေသည့်ယာဥ်လိုင်း ( ၄၀) နှင့် ပြည်နယ်တွင်း ပြေးဆွဲနေသည့် ယာဥ်လိုင်း ( ၆၇)လိုင်ရှိရာ စုစုပေါင်း ယာဥ်လိုင်း (၁၀၇)လိုင်း ပြေးဆွဲလျက်ရှိကြောင်းသိရသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...